DVB Logo
Home
မြန်မာသတင်း
၀မ်းရေးအတွက် သက်ငယ်(သက်ကယ်)ပျစ်ရင်း ဝင်ငွေရှာကြနေကြရတဲ့ ကရင်နီစစ်ရှောင်တွေ ( ဓာတ်ပုံ)
DVB
·
April 1, 2023
၀မ်းရေးအတွက် သက်ငယ်(သက်ကယ်)ပျစ်ရင်း ဝင်ငွေရှာကြနေကြရတဲ့ ကရင်နီစစ်ရှောင်တွေ ( ဓာတ်ပုံ)
1 / 5
Donate to DVB

တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ ကရင်နီဒေသက စစ်ရှောင်တိုင်းရင်းသားတွေဟာ ဝမ်းရေးအတွက် တဖက်တလမ်းက ဝင်ငွေရှာတဲ့အနေနဲ့  သက်ငယ်(သက်ကယ်)ပျစ်ရင်း စစ်ဘေးရှောင်ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေကြရပါတယ်။

သက်ငယ်ပျစ်ရာမှာ တချပ်ကို ကျပ် ၁၂၀၀ ပဲရပြီး သက်ငယ်ကုန်ကြမ်းတွေရဖို့ မိုင်ပေါင်း ၁၀ မိုင်ကျော်ဝေးတဲ့နေရာတွေကို ခက်ခက်ခဲခဲသွားရောက်ရှာဖွေ ရိတ်ယူကြရပါတယ်။

တစ်ရက်ကို သက်ငယ် ၁၀ ပျစ်လောက် ပြီးအောင်ရက်လုပ်နိုင်ပေမဲ့ မိသားစုကများလို့  ဝင်ငွေနဲ့ ထွက်ငွေမမျှဖြစ်နေကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ ဆန်နဲ့ ဆီ ရိက္ခာတွေကို ချွေတာစားနေကြရပြီး ကွမ်းရွက်နဲ့ ကွမ်းသီးကလည်း ရိုးရာအစားအစာဖြစ်နေလို့ သူတို့ရဲ့လိုအပ်ချက်လေးတွေကို ကူညီနိုင်သူတွေ တိုက်ရိုက်အကူအညီပေးစေလိုတယ်လို့  စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ နာယက  ဦးဇော်မင်းထိုက်က ပြော ပါတယ်။

ကရင်နီဒေသမှာတိုက်ပွဲတွေဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရတာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း အဆမတန်ကြီးမြင့်နေပြီး သောက်ရေသုံးရေကအစ ရှားပါးနေပြီး ဝယ်သုံးနေရတဲ့အတွက် အကူအညီပေးစေလိုတယ်လို့လည်း စစ်ဘေးရှောင် ကူညီပေးသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013