DVB Logo
Home
မြန်မာသတင်း
အောင်လံမြို့က ဧက ၆၀ အပန်းဖြေနေရာတွင် တိရစ္ဆာန်များအစာရေစာ ပြတ်လပ်နေ
DVB
·
April 1, 2023
အောင်လံမြို့က ဧက ၆၀  အပန်းဖြေနေရာတွင် တိရစ္ဆာန်များအစာရေစာ ပြတ်လပ်နေ
Donate to DVB

မကွေးတိုင်း၊ အောင်လံမြို့ရှိ အများပြည်သူတွေ အပန်းဖြေသွားရောက်လေ့ရှိတဲ့ ဧက ၆၀ ဝင်းထဲမှာ ပြသထားတဲ့ တိရစ္ဆာန်တွေ အစာရေစာ ပြတ်လပ်နေတာတွေ့ရတယ်လို့ အဲဒီနေရာကို သွားရောက်ခဲ့သူတွေထံက  သိရပါတယ်။

အဲဒီနေရာမှာ အောင်လံမြို့ မဟာသမယကျောင်းဆရာတော်က ဦးဆောင်ပြီး ဘုန်းကြီး ကျောင်းနဲ့ ဓမ္မရိပ်သာဖွင့်ထားတဲ့နေရာဖြစ်သလို အများပြည်သူလည်ပတ်လို့ရအောင် ပန်းခြံတွေ၊ အရုပ်တွေ၊ ထိုင်ခုံရောတွေ အပြင် လာလှူထားကြတဲ့ တိရစ္ဆာန်တွေကိုလည်း ပြသထားတာဖြစ်ပါတယ်။

မြွေတွေဆို ခြံ‌ထဲမှာ အစာရေစာပြတ်လပ်ကာ ခြောက်ကပ်ပြားနေပြီး ဒေါင်းခြံထဲမှာလည်း ထမင်းခဲတွေကလွဲလို့ ဘာမှမရှိဘဲ ရေကန်မှာလည်း ခြောက်ကပ်ပြီး ရေ မထည့်တာအတော်ကြာနေလောက်ပြီလို့  မတ်လ ၂၉ ရက် ညနေက သွားရောက်လည်ပတ်ခဲ့တဲ့ ဒေသခံ ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတော့ သူတို့တွေရဲ့ကန်ကို ရေဖြည့်တဲ့နေရာမှာ ရေမရှိတာပါပဲ။ ခြံတစ်ခုစီရဲ့နောက်မှာ ပိုက်နဲ့ကျောက်ကန်လေးတွေရှိပေမဲ့၊ ဘယ်ပိုက်မှရေမလာဘူးဖြစ်နေတာ။ ခပ်သုံးရတဲ့ရေကန်တွေတောင် ကုန်သွားလို့ ဘယ်က ရေယူရမှန်းမသိဖြစ်ခဲ့တယ်။ အစားအသောက်ကတော့ ဆရာတော်ကလည်း ကျွေးနေတယ်ပြောတယ်၊ မြွေတွေကိုကျတော့ ကြက်ဥတွေချည်း ကျွေးနေတာလို့ပြောပါတယ်။ အသားလည်းမစားဘူးလို့ ပြောပုံအရဆို မြွေတွေမှာစားချင်စိတ်မရှိတာမျိုးဖြစ်နိုင်ပါတယ်။”

အဲ့ထဲမှာ ဘုန်းကြီးက ဓမ္မာရုံတွေ၊ တရားစခန်းတွေ၊ တဦးချင်းထိုင်တဲ့ တရားဆောင်တွေအပြင် လာလှူတဲ့ တိရစ္ဆာန်တွေကိုလည်း အခန်းလေးတွေနဲ့ ထားရှိတာ ၃ နှစ်လောက်တော့ရှိနေပြီဖြစ်ပါတယ်။

ရွာထောင်မြို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက “ဆရာတော်က မြို့ထဲမှာလည်း စာသင်တိုက်ရှိတော့ ဟိုဖက် သွားလိုက် ဒီဘက်သွားလိုက်နဲ့ တချို့နေရာလေးတွေမှာတော့ လိုအပ်ချက်ရှိတာ ဖြစ်နိုင်တယ်”လို့  ပြောပါတယ်။

အဆိုပါနေရာဟာ အောင်လံမြို့၊ ရွာထောင်ဘက်ကနေ ၂ မိုင်လောက်အကွာမှာရှိတာဖြစ်ပြီး မြေ ဧက ၆၀ ကို ဒေသခံ ယာသမားမိသားတစုက လှူဒါန်းထားခဲ့တဲ့ နေရာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013