DVB Logo
Home
မြန်မာသတင်း
ကရင်နီအတွက် စည်းရိုးပရောဂျက်မှ ၁၁ ရက်အတွင်း ၂၅ ရာခိုင်နှုန်းရရှိ၊ အားလုံးဆက်လက်ပါ ဝင်ကြရန် တိုက်တွန်း
DVB
·
March 30, 2023
ကရင်နီအတွက် စည်းရိုးပရောဂျက်မှ ၁၁ ရက်အတွင်း ၂၅ ရာခိုင်နှုန်းရရှိ၊ အားလုံးဆက်လက်ပါ ဝင်ကြရန် တိုက်တွန်း
Donate to DVB

ကရင်နီတော်လှန်ရေး အင်အားစုတွေအတွက် စည်းရိုးပရောဂျက်ကနေ လတ်တလောအချိန်ထိ ၂၅ ရာခိုင်နှုန်းရရှိထားတာမို့ ပြည်သူတွေ အားလုံး ဆက်လက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒီပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်ကစတင်ပြီးတော့ လုပ်ဆောင်နေရာမှာ လာမယ့် ဧပြီ ၉ ရက်အထိ ရက်ပေါင်း ၂၀ အတွင်းမှာ ငွေကျပ်သိန်း ၁၀၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပြီး လတ်တလော မှာတော့ ၁၁ ရက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

“PROJECT စည်းရိုး” #Day11 ကို​ရောက်လာပါပြီ။ အချိန်အားဖြင့် Project အလယ်လောက်ရောက်လာပြီဆိုပေမဲ့ Target ရဲ့ ရာခိုင်နှုန်း တစ်ဝက်ကို ရောက်ဖို့တောင် အလှမ်းဝေးနေသေးတယ် ပြောရမှာပါဗျ။ ကျန်တဲ့ရက်တွေမှာ နိုင်ငံအလိုက်က ပြည်တွင်းပြည်ပက ပြည်သူတွေကနေ ရာခိုင်နှုန်းတိုးအောင် ဆက်ပြီး အားဖြည့်ကူမယ်လို့ ယုံကြည်ထားပါတယ်ဗျ။ ကရင်နီအတွက် အရမ်းကို အရေးကြီးတဲ့ Project ဖြစ်တဲ့ အတွက် ပါဝင်ပေးကြဖို့ ထပ်ပြီးတောင်းဆိုပါရစေဗျ။”

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာတော့ ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၃၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ယောက်သေဆုံးကာ ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်တွေက လက်နက် ၃၄ လက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ပြီး KNDF ဘက်ကတော့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရကာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမျိုးသား အာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်းလည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ စစ်ဘက်-အရပ်ဘက် မခွဲခြားဘဲ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေ၊ ဘာသာရေး ဆိုင်ရာနေရာတွေကို လေကြောင်းနဲ့ စုစုပေါင်း ၆ ကြိမ်တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့်  ကလေးသူငယ်တွေအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့ရပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း ၁ ခန်း၊ ဘာသာရေးအဆောက်အဦး ၄ လုံး ပျက်စီးခဲ့ရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီးတော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO ၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013