DVB Logo
Home
မြန်မာသတင်း
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
DVB
·
June 15, 2014
ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
Donate to DVB

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံးဆွေးနွေးပွဲတခု ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဘာသာပေါင်းစုံပါဝင်တဲ့ အရပ်ဘက်အဖွဲ့ ၇ ဖွဲ့က စီစဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_58595" align="alignright" width="300"]ဓာတ်ပုံ - ၀င်းကိုလှိုင် ဓာတ်ပုံ - ၀င်းကိုလှိုင် [/caption]ဇွန်လ ၁၅ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရတာနဲ့ ပတ်သက်ပြီး စီစဉ်သူတဦး ဖြစ်တဲ့ မဇ္ဈိမလူငယ်ကွန်ရက်က ကိုသန့်ဇင်ထွေး က အခုလို ပြောပါတယ်။

“သူများတွေ လုပ်သလို ကြေညာချက်ထုတ်ပြီး ကန့်ကွက်တာ နောက် တခြားတခြား ပုံစံတွေနဲ့ လုပ်တာထက် ကျနော်တို့က ပုံစံလေးတခု စဉ်းစားလိုက်တယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ နည်းနည်းလွတ်တယ်လို့ ထင်ရတဲ့သူတွေ၊ တခြားသော အရပ်ဖက် လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံတော်အတွက် အများကြီး ဘက်ပေါင်းစုံကနေ စွမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးတော့ ဆွေးနွေးပွဲလေး တခုလုပ်မယ်။ ဒီဆွေးနွေးပွဲရဲ့ အဖြေကို နိုင်ငံတော် သမ္မတကိုရော လွှတ်တော်ကိုယ်စားလှယ်တွေဆီကိုရော နောက် တခြားသော အစိုးရအဖွဲ့ဝင်တွေ ဆီကိုရော ပျံ့နှံ့အောင်လုပ်မယ်။ လူထုကြားထဲမှာလည်း ပျံ့နှံ့အောင် ဆောင်ရွက်မယ်။ အချိန်က ကပ်နေပေမယ့်လည်း ဒီနေ့ပြီးတာနဲ့ နောက် ၂ ရက်အတွင်း ဒါကို ပျံ့နှံ့အောင် လုပ်မယ်။”

ဗုဒ္ဓဘာသာက ရွှေည၀ါဆရာတော် ဦးပညာဒီပ၊ ခရစ်ယန်ဘာသာက ဆရာကြီး ဒေါက်တာ စောလှိုင်ဘွား၊ အစ္စလာမ်ဘာသာက ဒေါက်တာသောင်းလွင်နဲ့ ဟိန္ဒူ ဘာသာက ဆရာ စန်းမင်းနိုင်တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ကြပြီး ပရိသတ် ၂၀၀ လောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ရွှေည၀ါဆရာတော်က သူ ဒီ ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တာတွေကို အခုလို မိန့်ပါတယ်။
“ဘာသာမတူတာ ရန်သူမဟုတ်တဲ့ အကြောင်းပါ။ ဘာသာမတူတဲ့အပေါ်မှာ ရန်သူလို သဘောထားပြီး ရန်မူနေကြရင် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ခွဲခြားဆက်ဆံမှုဆိုတာ လည်း နိုင်ငံတကာအမြင်နဲ့ ကြည့်ရင် အထင်သေးစရာ ကောင်းတယ်လို့။ မှန်မှန်ကန်ကန် မျှမျှတတ နိုင်ငံနဲ့ နိုင်ငံသားအတွက် တကယ့်ကို အမျိုးသား ဘုံအကျိုးစီးပွားကို တကယ်ကို အကျိုးပြုတယ်ဆိုရင် ဘယ်လိုဥပဒေမျိုးပဲဖြစ်ဖြစ် အားလုံး ထင်သာမြင်သာအောင် ချပြပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း လုပ်နိုင်တာကိုပဲ ဦးစားပေးပြီး လုပ်သင့်တယ်လို့ လုပ်ချင်တာကို စွပ်လုပ်တဲ့ ခေတ်မဟုတ်တော့ဘူးလို့။”

ပြီးခဲ့တဲ့လထဲမှာ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို သတင်းစာတွေထဲ ဖော်ပြပြီး ပြည်သူတွေအနေနဲ့ ဇွန်လ ၂၀ရက် နောက်ဆုံးထားပြီး အကြံပြုကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013