DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကော်မရှင်အနေဖြင့် ပါတီဖျက်သိမ်းခွင့် လုံးဝမရှိ၊ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည်ဟု အန်အယ်လ်ဒီ ကြေညာ
DVB
·
March 29, 2023
စစ်ကောင်စီကော်မရှင်အနေဖြင့် ပါတီဖျက်သိမ်းခွင့် လုံးဝမရှိ၊  ပြည်သူရှိနေသရွေ့ ပါတီရှိနေမည်ဟု အန်အယ်လ်ဒီ ကြေညာ
Donate to DVB

တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်ဒီကနေ့  ကြေညာပါတယ်။

အန်အယ်လ်ဒီပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ပြန်လည်တုံ့ပြန်လိုက်တာပါ။ 

တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိသည့်တဲ့ အပြင် ပြည်သူလူထုကို ကိုယ်စားပြုမှုလည်းမရှိတဲ့အတွက် သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှ တရားဝင်မှုမရှိကြောင်းကို အတိအလင်းကြေညာထားပြီးဖြစ်လို့ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိပါလို့ အသိပေးကြေညာလိုက်ပါတယ်။

​၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေနဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်နေကာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကိုသာ ခံယူနေတဲ့ ပါတီဖြစ်တာနဲ့အညီ ပြည်သူရှိသရွေ့ ပါတီရှိနေမှာဖြစ်ပြီး ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ ပြည့်တဲ့အထိ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်၊ ပြည်သူနဲ့ တသားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလေးစားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့  အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး  ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို  ဖမ်းဆီး၊ မတရားအမှုဆင်ကာ ထောင်ချထားတဲ့အပြင်  ပါတီဝင် ၁၂၃၅ ဖမ်းဆီးခံရပြီး  ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းတွေနဲ့  ထောင်တွင်းတွင်ကျဆုံးခဲ့ရသလို အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး နဲ့ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော် ကြိုးပေးသတ်ဖြတ်ခံခဲ့ရပါတယ်။ 

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်း ခံထားရပြီး  ၄၇ ဦးတို့ရဲ့ နေအိမ်များကိုလည်း ဝရမ်းကပ်ခံထားရကာ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီး ခံခဲ့ရတယ်လို့ အန်အယ်လ်ဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo-Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013