DVB Logo
Home
မြန်မာသတင်း
Non-CDM အထက်တန်းပြဆရာများ နားရက်အလွန်နည်းပါးသဖြင့် ညည်းတွား
DVB
·
March 27, 2023
Non-CDM အထက်တန်းပြဆရာများ နားရက်အလွန်နည်းပါးသဖြင့် ညည်းတွား
Donate to DVB

မတ်လကုန်မှာတက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေကို ဒေသအလိုက် ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ စစ်ဆေးမှာဖြစ်တဲ့အပြင်၊ စနစ်သစ် သင်ရိုး မွမ်းမံသင်တန်းတွေ တက်ရောက်ရမှာဖြစ်လို့ စစ်ကောင်စီလက်အောက်ခံ Non-CDM အထက်တန်းပြ ဆရာ ဆရာမတွေအနေနဲ့ နွေရာသီအားလပ်ရပ် နည်းနေတယ်လို့ ပညာရေး အသိုင်းအဝိုင်းကသိရပါတယ်။

လက်ရှိမှာ ၂၀၂၃ ခုနှစ် မတ်လ မှာဖြေဆိုထားတဲ့ စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားတဲ့ အဖြေလွှာတွေကို အခုလ ၃၁ ရက်နေ့မှာ စတင်စစ်ဆေးတော့မှာဖြစ်လို့ သက်ဆိုင်ရာမြို့နယ်တွေက အထက်တန်းပြတွေအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ တက္ကသိုလ်တွေကို အခုလ ၂၉ ရက်မှာ အရောက်လာဖို့ စစ်ကောင်စီပညာရေးဌာနက ညွှန်ကြားထားပါတယ်။

လှိုင်သာယာမြို့နယ်က အထက်တန်းပြ ဆရာမတဦးက “အခုလည်း သင်ရိုးသစ်အတွက် သင်တန်းတွေတက်နေရတယ်။ လကုန်ကျရင် အဖြေလွှာတွေသွားစစ်ရမှာ။ သင်္ကြန်ပြီးရင် မွန်းမံသင်တန်းဆိုတာ တက်ရဦးမှာ။ မေလ တလ လုံးကလည်း ကျောင်းဖွင့်ဖို့အတွက် ခိုင်းဖို့ရှိသေးတယ်လို့ကြားထားတယ်။ နားရမှာ သင်္ကြန်ကာလပဲရှိတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနဟာ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်နှုန်းတွေ တိုးတက်လာနိုင်တယ်ဆိုပြီး ကျောင်းအပ်ချိန်ကို ခါတိုင်းပြုလုပ်နေကျအချိန်ဖြစ်တဲ့ မေလ ၂၅ ရက်နေ့အစား မေလ ၂၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံမှာဖြစ်တဲ့အတွက် အခုနှစ်မှာ သင်ရိုးသစ်သင်တန်း၊ ကျောင်းအပ်ကိစ္စတွေကြောင့် အထက်တန်းပြဆရာဆရာမတွေ နားရက် အလွန်နည်းပါးသွားတာပါ။

အခုနှစ်မှာ စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ တသိန်းခွဲကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၁၈၀၀၀၀ နီးပါးရှိကာ ကျောင်းသား အများစုကတော့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့ အနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက် နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013