DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၅ ပါးကို လူဝတ်လဲ တရားရုံးထုတ်
DVB
·
June 13, 2014
အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၅ ပါးကို လူဝတ်လဲ တရားရုံးထုတ်
Donate to DVB

သန္တိသုခကျောင်းတိုက်က ဖမ်းဆီးထားတဲ့ သံဃာတော် ၅ ပါးကို ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ လူဝတ်လဲပြီး တာမွေတရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တယ်လို့ တာမွေရဲစခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။

[caption id="attachment_58548" align="alignright" width="300"] [/caption]ဒီကနေ့ တာမွေတရားရုံးကို ကြွလာခဲ့တဲ့ မကွေးဆရာတော်ဘုရားကြီး ဦးပါမောက္ခ က ဖမ်းဆီးရုံးတင်ခံထားရတဲ့ သံဃာတွေရဲ့ အခြေနေနဲပတ်သက်ပြီး ဒီဗွီဘီကို အခုလို မိန့်ကြားခဲ့ ပါတယ်။
“ဦးဥတ္တရတို့ ဒီကနေ့ ရုံးချိန်းတယ်လို့ ဘုန်းကြီးတို့ ကြားတယ်။ ကြားတော့ ဘုန်းကြီးလည်း ခရီးကနေပြီး ကျောင်းတောင်မ၀င်ပဲ တခါတည်းပဲ တရားရုံးကို လာခဲ့တယ်။ ဒီကနေ့ တရားသူကြီးကို မေးတဲ့အခါကျတော့ ဟုတ်တယ်၊ ဒီကနေ့ ရုံးထုတ်တယ်။ ၅ ပါး လူဝတ်လဲ ခံရတယ်။ နောက်တခါ ရုံးချိန်းကတော့ ၂၀ ရက်နေ့ဆိုတာ ဘုန်းကြီး သိခဲ့ရတယ်။”


ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီလောက် တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာ သန္တိသုခ သာသနာပြု ကျောင်းကို ရဲနဲ့ သံဃမဟာနာယကတို့ ပူးပေါင်းပြီး ကျောင်းကို ၀င်ရောက် စီးနင်း ချိပ်ပိတ်ကာ သံဃာတော် အပါး ၂၀ လောက်နဲ့ လူပုဂ္ဂိုလ် ၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က လူတွေအားလုံးကို ပြန်လွှတ်ပေးခဲ့သလို သံဃာတော် ၁၅ ပါးကိုလည်း ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကိုတော့ လူဝတ်လဲပြီး ရုံးထုတ် ခဲ့တာဖြစ်ပြီး လူဝတ်လဲထားတဲ့ သံဃာတော်တွေကို ဇွန်လ ၂၀ ရက်နေ့မှာ ရုံးထုတ်ပြီး တရားစွဲဆိုဖွယ်ရှိ တယ်လို့လည်း ဦးပါမောက္ခက မိန့်ပါတယ်။

လတ်တလော သံဃာတော်တွေကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိမ်းသိမ်း ထားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

သံဃာတွေနဲ့ ဝေယာဝစ္စ ပြုသူတွေဟာ နေထိုင်ခွင့်မရှိပဲ နေသူတွေဖြစ်တဲ့အတွက် လုပ်ထုံး လုပ်နည်း ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သာသာနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဇွန်လ ၁၁ ရက်နေ့က မီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းပြောကြားပြီးနောက် ဒီနေ့မှာပဲ လူဝတ်လဲ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

မကွေးဆရာတော်ဘုရားကြီး ဦးပါမောက္ခကတော့ သံဃာတော်တွေကို ဖမ်းဆီးအရေးယူ တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။
“ဘုန်းကြီးရင်ထဲမှာတော့ မြန်မာပြည်ထဲမှာ စစ်အာဏာသိမ်းသလိုပဲ ခံစားရတယ်။ ဒီမိုကရေစီဆိုတဲ့ ဟာက ခေါင်းဆီးတွေရှိတယ်။ ဆိတ်ခေါင်းပြပြီး ခွေးသားရောင်းနေသလိုပဲ။ ဆရာတော်ကြီး ဂျပန်သွားနေတဲ့အချိန် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ၁၂ မြို့နယ်က သံဃာတော် အပါး ၃၀၀ လောက်ကို လိမ်ညာခေါ်ဆောင်လာပြီး ဒီအထဲမှာ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ရဟန်းသံဃာတော်တွေ ဒီကျောင်းထဲမှာရှိတယ်။ ရှာစရာရှိလို့ဆိုပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ၁၂ မြို့နယ်က သံဃာတော် အပါး ၃၀၀ လောက်ကို လိမ်ညာခေါ်ဆောင်လာပြီးတော့ တိုင်းသံဃာ့နာယက ကနေ ခေါ်ယူလာတယ်။ အဲဒါတွေဟာ တကယ်တော့ တရားမျှတမှုမရှိတဲ့ သဘောမျိုးတွေ တွေ့ရတယ်။”

အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရွှေဝါရောင်သံဃာတော်များကွန်ရက်က ဓမ္မစက်ကို မကိုင်ပဲ အာဏာစက်ဖြင့် လိုက်ပါဆောင်ရွက်ခြင်းဟာ ထေရ၀ါဒမူကို ဆန့်ကျင်ရာရောက်သည် ဆိုတဲ့ ကန့်ကွက်စာတစောင်ကိုလည်း ဇွန် ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013