DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့တွင် စီတန်းလှည့်လည်ခွင့် တားမြစ်မိန့် ရုပ်သိမ်းပေးရန်မရှိဟု ပြည်ထဲရေးပြော
DVB
·
June 13, 2014
ပဲခူးမြို့တွင် စီတန်းလှည့်လည်ခွင့် တားမြစ်မိန့် ရုပ်သိမ်းပေးရန်မရှိဟု ပြည်ထဲရေးပြော
1 / 3
Donate to DVB

ပဲခူးမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့တွင်းစီတန်းလှည့်လည်ခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့အမိန့် ထုတ်ပြန်ထားတာ ရုပ်သိမ်းပေးဖို့ ဒီနေ့ကျင်းပတဲ့ လွှတ်တော်ထဲမေးမြန်းရာမှာ ပြည်ထဲရေး ၀န်ကြီးဌာနက မရုပ်ပေးနိုင်ဘူးလို့ လာရောက်ဖြေကြားသွားခဲ့ပါတယ်။

pago 1ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးရဲ့ မေးမြန်းချက်ကို ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ဥပဒေနဲ့အညီ လုပ်ဆောင်ထားတာမို့ အမိန့်ကို မရုပ်ပေးနိုင်ဘူးလို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်ကစပြီး ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စီတန်းလှည့်လည်ခွင့်မပြုတဲ့ ဒေသန္တရ အမိန့်တရပ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအမိန့်ပါ ကန့်သတ်ချက်တွေကို ဦးမြင့်ဦး က အခုလို ပြောဆိုပါတယ်။

“(က) က ပဲခူးမြစ်ကူးတံတားမှ တပ်မ ၇၇ ရှေ့အထိ လမ်းတလျှောက်လုံး၊ လမ်းဘေးဝဲယာရှိ (ညောင်ဝိုင်းတောင်၊ ညောင်ဝိုင်း မြောက်)မြို့သစ်၊ ဟံသာဝတီ ရပ်ကွက်များသို့ ၀င်ထွက်သွားလာသော လမ်းဆုံများ၊ (ခ) က နာရီစင် လမ်းဆုံမှ ကမာနက် ဓာတ်အားခွဲရုံအရှေ့အထိ၊ သနပ်ပင်လမ်းတလျှောက်လုံး၊ (လိပ်ပြာကန်၊ ရှင်စောပု၊ ကျောက်ဖူးကုန်း၊ နန်းတော်ရာ၊ ဘိုကုန်း၊ ဟင်္သာကုန်း) ရပ်ကွက်များသို့ ၀င်ထွက်သွားလာသော လမ်းသွယ်များ၊ (ဂ)က ရွှေမော်ဓော မျက်နှာစုံ လေးဘက်နှင့် ၀ဲယာရှိ မြို့တွင်းကြီးရပ်ကွက်၊ ဟံသာဝတီ၊ ရှင်စောပု ရပ်ကွက်များသို့ ၀င်ထွက်သွားလာသော လမ်းသွယ်များဆိုပြီး ပဲခူးမြို့ တမြို့လုံးနီးပါး လမ်းကျယ်ပါမကျန် ကန့်သတ်မိန့်ထုတ်ထားတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့် လှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ထားတာ ရေးထားတာ သွားတွေ့ရတယ်။”

တားမြစ်ကန့်သတ်အမိန့်ကို ရုပ်သိမ်းပေးဖို့နဲ့ အမိန့်ထုတ်ပြန်ခဲ့သူကို အရေးယူပေးဖို့ လွှတ်တော်ထဲ မှာ အန်အယ်လ်ဒီအမတ်က မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီလို ဒေသန္တရအမိန့်ထုတ်ပြန်ပြီး တားမြစ်ကန့်သတ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးစေတဲ့ လုပ်ရပ်ဖြစ်တယ် လို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

“ပဲခူးတမြို့ထဲမှာ ကန့်သတ်ချုပ်ချယ်တဲ့ အမိန့်ကို ထုတ်ထားတာ။ ပဲခူးတမြို့လုံး နီးပါးပါပဲ။ အဓိပ္ပါယ်ကတော့ ဘာလဲဆိုတော့ မင်းတို့ဆန္ဒ ထုတ်ဖော်ချင်လို့ရှိရင် လယ်ကွက်ထဲမှာ ကွင်းထဲမှာ သွားဆိုတဲ့ အဓိပ္ပါယ်ပေါက်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတဲ့ ရည်ရွယ်ချက်ကိုက ပြည်သူလူထုရဲ့ ထောက်ခံမှု အစိုးရမင်းများ သိပါစေ ကြားပါစေ ဆိုပြီးတော့ လူတွေ သူတွေ ရှိတဲ့ နေရာမှာ ဆန္ဒဖော်ပြရတာပါ။ ဒီလို တားမြစ်မှုမျိုးကို အခြေခံဥပဒေကို ကျော်လွန်ပြီးတော့ ဘယ်ပုဂ္ဂိုလ်မှ လုပ်ခွင့်၊ ထုတ်ခွင့် မရှိပါဘူး။ အန်ကယ်ကတော့ ဒီအတိုင်းပဲ နားလည်တယ်။”

စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ကို လက်ရှိလွှတ်တော်ထဲ ပြင်ဆင်အတည်ပြုချက်အရ ခွင့်ပြုမိန့် တောင်းခံစရာမလိုဘဲ အကြောင်းကြားစာပဲ ပေးပို့ရတော့မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013