DVB Logo
Home
မြန်မာသတင်း
အင်ချွန်းဆွေးနွေးပွဲ NUG အစိုးရကို ထောက်ခံ ထောက်ပံ့ရန် ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းများ သဘောတူ
DVB
·
March 26, 2023
အင်ချွန်းဆွေးနွေးပွဲ NUG အစိုးရကို ထောက်ခံ ထောက်ပံ့ရန် ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းများ သဘောတူ
1 / 3
Donate to DVB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းတွေ၊ ထင်ပေါ်လှုပ်ရှားသူတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၆ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကိုရီးယားနိုင်ငံအနှံ့မှ အဖွဲ့အစည်း ၄၀ ကျော်နဲ့ တခြားဖိတ်ကြားထားသူတွေ အပါအဝင် ကိုယ်စားလှယ် ၇၀ လောက် တက်ရောက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းကတဆင့်နဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက "အနာဂတ်နိုင်ငံရေးရည်မှန်းချက်နှင့် ကြားကာလပြင်ဆင်ရေးဆိုင်ရာများ" ကို ရှင်းလင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ခံကိုယ်စားလှယ်တွေက ကိုယ်စားလှယ်ရုံးကို အကြံပြုချက်၊ အဖွဲ့အစည်းတွေရဲ့ အခက်အခဲနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ အနာဂတ်ရည်မှန်းချက်အတွက် ဆက်လက်လုပ်ဆောင်မယ့် အခြေအနေနဲ့ လိုအပ်ချက်တွေ၊ စုစည်းညီညွတ်စွာ လုပ်ဆောင်နိုင်မယ့် နည်းလမ်းနဲ့ ပြင်ဆင်ဖို့ အချက်တွေ၊  ထောက်ပို့ရေးဆိုင်ရာ တိုးမြှင့်လုပ်‌ဆောင်ရေး လုပ်ငန်းစဉ်တွေ စတာတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

အဖွဲ့အစည်းတွေရဲ့ မေးခွန်းတွေကို ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ ရုံးအဖွဲ့ဝင်တွေက ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်ဖို့နဲ့ NUG အစိုးရကို ထောက်ခံ ထောက်ပံ့သွားဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လစဉ်ထောက်ပံ့ငွေစနစ် ထူထောင်ဖို့၊ တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတရပ် ရေးဆွဲဖို့၊ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ပြီး အားလုံးပါဝင်နိုင်မည့် ရန်ပုံငွေရှာဖွေပွဲ ကျင်းပဖို့၊ အဖွဲ့အစည်းများ အားလုံးပါဝင်တဲ့ နက်ဝပ်တခု ထူထောင်ဖို့တို့ကိုလည်း ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေ၊ လှုပ်ရှားမှုတွေနဲ့ သက်ဆိုင်တဲ့ အားသာချက် အားနည်းချက် ဝေဖန်ချက် အကြံပြုချက်၊ ကြားကာလဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် အားဖြည့်နိုင်မယ့် အဆိုပြုချက်တွေကို တက်ရောက်လာတဲ့ အဖွဲ့ကိုယ်စားလှယ်တွေက တက်ကြွစွာ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013