Home
မြန်မာသတင်း
နေပြည်တော် ကျောက်မျက်ပွဲပြပွဲ ကျောက်စိမ်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၀ ကျော်ရောင်းရ
DVB
·
March 25, 2023

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ မတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ ပြုလုပ်ခဲ့တဲ့ ၅၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ  ကျောက်မျက်အတွဲပေါင်း ၁၆၀၀ ကျော်ရောင်း ရောင်းချခဲ့ရတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပုလဲအတွဲပေါင်း ၂၉၅ ရောင်းတာမှာ အတွဲပေါင်း ၂၉၀၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ရောင်းတာမှာ အတွဲပေါင်း ၇၇ တြဲ၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ရောင်းတာမှာ အတွဲပေါင်း ၁၅၄၄ တွဲ ရောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြပွဲမှာ လာရောင်းတဲ့ ကျောက်မျက်ကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးက “ဒီပွဲမှာ ပြည်တွင်း၊ ပြည်ပ ကုန်သည်တွေအတွက် မြန်မာကျပ်ငွေနဲ့ရောင်းတာရှိတယ်။ ယူရိုငွေသီးသန့်နဲ့ ရောင်းတာရှိတယ်။ စပေါ်သွင်းရတာမှာ ယူရိုနဲ့သွင်းရတယ်။ အဲမှာ သွင်းရတဲ့ ယူရိုဈေးနှုန်းက ဗဟိုဘဏ်ပေါက်ဈေးတက်များတယ်။ ပြန်ထုတ်ပေးတဲ့အချိန်ကျ ဘယ်နှုန်းနဲ့ ထုတ်ပေးမယ် မသိဘူး။ သွင်းရတဲ့နှုန်းတော့ ပြန်မရနိုင်လောက်ဘူး “ လို့ ပြောပါတယ်။

အခုလို ယူရိုငွေနဲ့စပေါ်တင်ခိုင်းတာဟာ နိုင်ငံခြားငွေလိုအပ်ချက်ကြောင့်ဖြစ်နိုင်ပြီး စပေါ်ငွေနဲ့ ရောင်းရငွေတွေကို ဘယ်နှုန်းနဲ့ ပြန်ထုတ်ပေးမယ်ဆိုတာကိုလည်း မသိရဘူးလို့ ဆိုပါတယ်။

ပြပွဲကို တရုတ်ကုန်သည် ၂၀၀ နီးပါးနဲ့ မြန်မာကုန်သည် ၄၀၀ ခန့် လာရောက်တယ်လို့ သိရပါတယ်။ ယခင်ကပွဲတွေနဲ့စာရင် ရောင်းချရမှုနှုန်း သိပ်မကွာဘူးလို့လည်း ကုန်သည်တွေကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024