HomeLead Story
မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၉ ချက်ပါ ပူးတွဲကြေညာ- ရဲမှူးချုပ် ၀င်းခေါင်နှင့်မေးမြန်းချက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် အချက် ၉ ချက်ပါ ပူးတွဲကြေညာ- ရဲမှူးချုပ် ၀င်းခေါင်နှင့်မေးမြန်းချက်
DVB
·
June 12, 2014

မေလအတွင်းဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်ပြသနာတွေနဲ့ ပတ်သက်ပြီး အချက် ၉ ချက်ပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးတွဲသတင်းထုတ်ပြန်ချက်တရပ်ကို ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၁၀ရက်ကနေ ဇွန်လ ၁၂ ရက်ထိ သုံးရက်ကြာ နေပြည်တော် နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအပြီး အခုလို ပူးတွဲ သတင်းထုတ်ပြန်ချက် ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်လို အချက်တွေကို နှစ်နိုင်ငံကြား သဘောတူခဲ့ကြသလဲဆိုတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ်ဝင်းခေါင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။










