
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘီဟာပြည်နယ်ရှိ ဘုရားကျောင်းတကျောင်းမှာ ဝတ်ပြုကိုးကွယ်သူ လူအုပ်ကို ထိတ်လန့်စေတဲ့ လျှပ်စစ်ဓာတ်တိုင် ပြုတ်ကျမှုလို့ ရဲကသံသယရှိတဲ့ ဖြစ်ရပ်အတွင်း လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်အပြီး ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို ခရိုင်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဆေးရုံမှာ တွေ့ရပါတယ်။
ဒီဖြစ်စဉ်မှာ လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်းအရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လာခီစာရိုင် ခရိုင်က အာ့ရှုပ်ခ်ဒမ် ဘုရားကျောင်းမှာ ဟိန္ဒူ ဥပုသ်လအတွင်း ဥပုသ်သည်တွေကြားမှာ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူစုလူဝေး မတော်တဆမှု သမိုင်းထဲမှာ လူပေါင်း သန်းဆယ်နဲ့ချီပြီး စုဝေးခဲ့ကြတဲ့ မြင့်မြတ်တဲ့ ရေထဲမှာ ရေချိုးကြတဲ့ မဟာကမ်ဘာပွဲတော်အတွင်း မနှစ်က လူအယောက် ၃၀ သေဆုံးခဲ့ဖူးပါတယ်။
Source: Reuters











