DVB Logo
Home
မြန်မာသတင်း
အမရပူရခရိုင်တရားရုံး ဗုံးပေါက်၊ ရဲ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ
DVB
·
March 22, 2023
အမရပူရခရိုင်တရားရုံး ဗုံးပေါက်၊ ရဲ ၁ ဦးသေပြီး ၁ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊  မှန်တန်းရပ်ကွက်ရှိ အမရပူရခရိုင် တရားရုံးမှာ ဒီနေ့ မတ် ၂၂ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခရိုင်တရားရုံးရဲ့ အဝင်ဝမှာ ဒီနေ့ နေ့လယ် ၁ နာရီက ဗုံးပေါက်ခဲ့ပြီး ရုံးထုတ်ရမန်လာယူသူတွေကို စောင့်ကြပ်နေတဲ့ အမရပူရမြို့မရဲစခန်းက ရဲတပ်သားတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရဲနှစ်ဦးထိတာ၊ တဦးက ပွဲချင်းပြီးသေတယ်၊ တဦးက ဆေးရုံကြီးကို ပို့လိုက်တယ်။ ဘယ်လိုဖြစ်ပြီး ဗုံးပေါက်လဲတော့ မသိဘူး။”

ဗုံးပေါက်ကွဲမှုကြောင့် အမရပူရမြို့မရဲစခန်းက ရဲတပ်သားစန်းဦး သေဆုံးပြီး ရဲတပ်သားလှခိုင် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ခရိုင်တရားရုံးနဲ့ မှန်တန်းရပ်ကွက်ရှိ လမ်းဆုံတွေမှာ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်စီးသူတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၈ နာရီကျော်ကလည်း အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် လမ်း ၈၀၊ ၇၈ လမ်းကြားရှိ Mage ကဖေးဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့   ရာအိမ်မှူးနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး တဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013