DVB Logo
Home
မြန်မာသတင်း
မဟာသန္တိသုခကျောင်း ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို အရေးယူမည်
DVB
·
June 11, 2014
မဟာသန္တိသုခကျောင်း ဆရာတော်များနှင့် လူပုဂ္ဂိုလ်များကို အရေးယူမည်
Donate to DVB

ချိပ်ပိတ်ခံထားရတဲ့  မဟာသန္တိသုခကျောင်းမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေနဲ့ ဝေယျာဝစ္ဓ ဆောင်ရွက်သူလူပုဂ္ဂိုလ်တွေကို လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ အရေးယူသွား မယ်လို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက  ဒီကနေ့ မနက် ကမ္ဘာအေးဘုရားအနီး သာသနာရေးရုံးမှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

Thanithuka10062014(1ပီနန်ဆရာတော်ဘုရားကြီးရဲ့  တပည့်သံဃာတော်တွေ  သတင်းသုံးနေတဲ့  ရန်ကုန်တိုင်း တာမွေမြို့နယ်  နတ်ချောင်းရပ်ကွက်မှာရှိတဲ့ မဟာသန္တိသုခကျောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးဝင်ရောက် ဖမ်းဆီးခဲ့အပြီးမှာ  သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီကျောင်းတော်ကြီးမှာ သတင်းသုံးနေတဲ့သံဃာတွေဟာ ကျူကျော်တွေဖြစ်တာကြောင့်   ဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီမှာ  ဖယ်ရှားရတဲ့အကြောင်း သာသနာတော်ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကြီးဟာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ လက်အောက်ကို ၂၀၀၂ ခုနှစ်ကတည်းက လွှဲပြောင်းအပ်နှံပြီးသားဖြစ်လို့ ပီနန်ဆရာတော်ဘုရားကြီးအနေနဲ့ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး ဆောင်ရွက်ခွင့် မရှိကြောင်း သာသနာတော်ပြန့်ပွားရေးဦးစီးဌာနက ပြောပါတယ်။

ပီနန် ဆရာတော်ကြီးနဲ့ အပေါင်းပါတွေကို ၂၀၁၄ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြီး ကျောင်းတော်ကြီးက ထွက်သွားဖို့ နိုင်ငံတော်သဃမဟာနာယကအဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောဆိုပြီးပြီလို့လည်း ဆိုပါတယ်။

ကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ ၇ ပါးနဲ့ ဝေယျာဝစ္စအမှုဆောင်ရွက်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး ကိုလည်း လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်က ပြောပေမယ့်  ဘယ်လိုအရေးယူသွားမလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ကျောင်းတော်ကြီးကိုချိပ်ပိတ်ပြီး သံယာတော်တွေကို အရေးယူတာဟာ တရားမျှတမှု ရှိရဲ့လားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို သမ္မတ အကြံပေးတဦးဖြစ်သူ  ဦးအံ့မောင်က ဖြေကြားခဲ့ပါတယ်။

“မဟာသန္တိသုခ ဗုဒ္ဓသာသနပြု ကျောင်းတိုက်ကြီးတွင် ခွင့်ပြုချက်မရရှိပဲ နေထိုင်တဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များအား လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။”

ဒီကျောင်းတော်ကြီးဟာ တည်ဆောက်စဉ်က အများပြည်သူထည့်ဝင်လှူဒါန်းတဲ့ ငွေတွေအပါအ၀င် ကျပ်သိန်းပေါင်း ၈ ထောင်ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး  အလှူမင်္ဂလာပွဲတွေလည်း လက်ခံဆောင်ရွက်ပေးနေတဲ့ ကျောင်းတိုက်ကြီးဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013