DVB Logo
Home
မြန်မာသတင်း
ကိုရီးယားအဆိုတော်များက မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
March 18, 2023
ကိုရီးယားအဆိုတော်များက မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဂီတဖျော်ဖြေပွဲကို  ကရင်တိုင်းရင်းသူ တေးသံရှင် နော်မာသထူးဝါးအပါအဝင် ကိုးရီးယားတေးသံရှင်တွေ ပူးပေါင်းပြီး တောင်းကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဖျောင်းဂန်းဘုရားကျောင်းခန်းမမှာ  မတ်လ ၁၈ ရက် ဒီနေ့ ညမှာ ကျင်းပဖို့ရှိနေပါတယ်။

ဂီတဖျော်‌‌ဖြေပွဲကို ကိုရီးယားရောက်ကရင်ကွန်မြူနတီ (KCK)အဖွဲ့၊ KEEN (Karen Equipped Embrace Nation) အဖွဲ့နဲ့ ဖျောင်းဂန်း‌ (တောင်ကိုရီးယား) အသင်းတော်တို့ ပူးပေါင်းပြီး စီစဉ်တာဖြစ်ပါတယ်။

ထိုင်း - မြန်မာနယ်စပ်ကနေ ကိုးရီးယားနိုင်ငံကိုရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ တောင်ကိုးရီးယားပြည်သူတွေအကြား ကောင်းမွန်စွာ အတူယှဥ်တွဲနေထိုင်မှုကို ဖေါ်ပြလိုတာနဲ့ လက်ရှိ နွေဦးတော်လှန်ရေးနဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြောင့် ကရင်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအရေးကို ကိုးရီးယားနိုင်ငံသားတွေက အာရုံစိုက်စေရေး ရည်ရွယ်ကျင်းပတာလို့  ဂီတဖျော်ဖြေပွဲစီစဥ်တဲ့ KCK တာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာ နော်မာသထူးဝါး(ဝါန်နီဟွာ)နဲ့အတူ ကိုရီးယားအဆိုတော်တွေဖြစ်တဲ့ ဂျောင်ချိုအာ၊ ချားဆူးဂယောင်၊ ဂန်အူးဂျင်၊ ကင်အာလင်း၊ လီဂန်ဂျွန်တို့ပါဝင် သီဆိုကြမှာ ကရင် လူငယ်တေးဂီတဝိုင်းနဲ့ ကိုးရီးယားဂီတပညာရှင်တွေ ပူးပေါင်းပြီး တီးခတ်သွားကြမှာ ဖြစ်ပါတယ်။

တေးသံရှင် နော်မာသထူးဝါဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ကိုရီးယားနိုင်ငံမှာ သွားရောက် အခြေချနေထိုင်ခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက   တစိုက်မတ်မတ် ကြိုးစားလေ့လာသင်ယူရင်း တောင်ကိုးရီးယားနိုင်ငံမှာ လူသိများတဲ့ တေးသံရှင်တယောက် ဖြစ်လာခဲ့ပါတယ်။

နော်မာသထူးဝါဟာကို တောင်ကိုးရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ် မီးသတ်ဌာနချုပ် (မီးဘေးဒုက္ခသည်များကူညီကယ်ဆယ်ရေးဌာန)က ပြန်ကြားရေးသံတမန်အဖြစ် မတ်လ ၁၀ ရက်နေ့မှာ ဂုဏ်ပြု ခန့်အပ်ခဲ့ပါတယ်။

အခုဂီတ ဖျော်ဖြေပွဲကို ဝင်ကြေး လက်မှတ်တစ်စောင် ကိုရီးယား ဝမ်ငွေ ၂၀၀၀၀ သတ်မှတ်ထားပြီး  ရရှိလာတဲ့ အလှူတွေကို ကရင်ပြည်နယ်ရှိ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလှူဒါန်းမှာဖြစ်သလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ထံသို့ လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရန်ပုံငွေတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ကရင်ဒုက္ခသည်ကော်မတီ (KRC) နဲ့ တခြား NGO တွေကနေတဆင့် ချိတ်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူတွေထံ ထိထိရောက်ရောက် ပို့ဆောင် သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013