
လာမဲ့နွေရာသီမှာ လီဗာပူး ဝါရင့်ကစားသမားတွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ အန်ဒီရော်ဘတ်ဆင်တို့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
သူတို့ထွက်ခွာသွားရင် လူငယ်ကစားသမားတွေအတွက် စံပြဖြစ်မဲ့သူ မရှိတော့မှာကို စိုးရိမ်မိတယ် ဆိုတဲ့ ဆာလာရဲ့ ပြောကြားချက်အပေါ် နည်းပြ စလော့က ငြင်းဆိုလိုက်ပြီး အသင်းရဲ့ စံနှုန်းတွေ လျော့ကျသွားမှာကို လုံးဝ စိုးရိမ်ခြင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
စလော့က အသင်းမှာ စံနှုန်းကောင်းတွေ ရှိနေဖို့ အရေးကြီးတာကို လက်ခံပေမဲ့ ဒါဟာ အသက် ၃၀ ကျော် ဝါရင့်ကစားသမားတွေအပေါ်မှာပဲ မူတည်နေတာမဟုတ်ဘဲ လူငယ်တွေကလည်း ဒီစံနှုန်းတွေ ကို ထိန်းသိမ်းသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
စနေနေ့မှာကစားမဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ဆာလာနဲ့ အလစ်ဆန်တို့ ပါဝင်နိုင်မှာမဟုတ်ပေမဲ့ အိုင်ဆက်၊ မာမာဒက်ရှ်ဗီလီ၊ ဗာ့တ်ဇ်နဲ့ ကိုနတေးတို့ကတော့ အသင်းဆီ ပြန်လည်ပူးပေါင်းလာပြီ ဖြစ်ပါတယ်။
Photo:Reuters










