DVB Logo
Home
မြန်မာသတင်း
ကုလားတန်းစီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို
DVB
·
June 11, 2014
ကုလားတန်းစီမံကိန်း ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆို
Donate to DVB

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်နေမှုနဲ့ စီမံကိန်းကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က ဒေသခံတွေအပေါ် အကျိုးသက်ရောက်မှုတွေကို ထုတ်ဖော်ရှင်းပြပေးဖို့ ကုလား တန်လှုပ်ရှားမှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

KM2014-002ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အစိုးရနဲ့ အိန္ဒိယ ESSAR ကုမ္ပဏီတွေတို့ ပူးပေါင်းပြီး ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်အကောင်အထည်ဖော်နေတာ ၄ နှစ်ကြာရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် လုပ်ငန်းအကောင်အထည်ဖော်မယ့် ရခိုင်ပြည်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ ဒေသခံတွေက စီမံကိန်းအကြောင်းနဲ့ စီမံကိန်းကြောင့် ရလာမယ့် အကျိုးသက်ရောက်မှုတွေကို အသေးစိတ် မသိကြပါဘူး။

ဒါကြောင့် ဒီစီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာသပတ်ဝန်ကျင်ပျက်စီးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသိရတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ပြည်တွင်းတာဝန်ခံ ဆလိုင်းဘွေပီးက ပြောပါတယ်။

“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတာ ၄ နှစ်လောက် ရှိပြီ။ အဲဒီ ၄ နှစ်အတွင်းမှာ ဒေသခံတွေက စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးဆိုတာတွေ ရှိတယ်။ အစိုးရ ဘာမှ သန့်ရှင်းမှုမရှိဘူးဆိုတာတွေ တွေ့ရတယ်။ ကျနော်တို့တွေ့တော့ အစိုးရနဲ့ ကုမ္ပဏီက စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသတွေကို အကြောင်းကြားစေချင်ပါတယ်။ အဲဒါက အဓိက ကျနော်တို့ ဆိုလိုချင်တာပါ။ အဓိက ပလက်ဝမှာ ဆောက်နေတဲ့ အဝေးပြေးလမ်းမတွေ နဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် လေ့လာစမ်းသပ်မှုတွေ ရှိလား စသဖြင့်ပေါ့နော် အဲဒါကို ပြည်သူလူထုကို အကြောင်းကြားပေးဖို့ မေးခွန်းပို့တာပါ။”

ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင်ရေးစီမံကိန်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်တို့ကို ကုလားတန် မြစ်ကြောင်းတ လျှောက် ၁၅၈ ကီလိုမီတာအကွာအဝေး ဆက်သွယ်ထားပြီး ချင်းပြည်နယ် ပလက်ဝမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

စီမံကိန်းတည်ဆောက်မှုကို ထိပ်တန်းအိန္ဒိယတည်ဆောက်ရေးကုမ္ပဏီ ESSAR ပရောဂျက် လီမိတက်က ဦးဆောင် ဆောင်ရွက်နေတာပါ။ အရင်က ၂၀၁၃ မှာ ပြီးစီးဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ၂၀၁၆ မှ ပြီးမယ်လို့ ခန်းမှန်းထားပါတယ်။

ကုလားတန်လှုပ်ရှားမှုအဖွဲ့ကတော့ ပွင့်လင်းမြင်သာမူရှိတဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို ဒေသခံတွေ နဲ့ ပုံမှန်တိုင်ပင်ခြင်းဟာ အစိုးရ၊ ကုမ္ပဏီ နဲ့ ဒေသခံတို့အတွက် အပြန်အလှန် အကျိုးသက်ရောက်မူ ရှိလာမယ်လို့ ဆိုထားပါတယ်။

ကုလားတန်လှုပ်ရှားမှုအဖွဲ့ဟာ အစိုးရစီမံကိန်းတွေကြောင့် ဒေသခံတွေအပေါ် လူ့ အခွင့်အရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မူတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့မှာ ရခိုင်မြစ်ချောင်းများကွန်ရက် (ARN)၊ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) နဲ့ ဇိုဌာနေလူမျိုးနွယ်စုများဖိုရမ် (ZIF) တို့ ပူးပေါင်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013