
ဂုဏ်ယူစရာ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ သမိုင်းကြောင်းကို ဖန်တီးရာမှာ နိုင်ငံသား အားလုံးက ကိုယ်စီ အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်ခဲ့ကြတယ်လို့ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဇူလိုင် ၄ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန် လွတ်လပ်ရေးရတဲ့ နှစ် ၂၅၀ မြောက် နှစ်ပတ်လည်နေ့ကို ဒုသမ္မတက ဂုဏ်ပြုကြိုဆိုရင်း နယူးယောက်ဆိပ်ကမ်းရှိ အမေရိကန်စစ်သင်္ဘောတစင်းပေါ်မှာပြောတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။
ဒုသမ္မတ ဗန့်စ်က “ဂုဏ်ယူစရာကောင်းတဲ့ နှစ်ပေါင်း ၂၅၀ ကြာ အမေရိကန် သမိုင်းကြောင်းကို ဖန်တီးတဲ့နေရာမှာ ကျနော်တို့အားလုံးမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ကြပါတယ်။ ကျနော်တို့ အားလုံးဟာ ကိုယ်စီအခန်းကဏ္ဍတွေကို ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ရှေ့ဆက်မဲ့ နှစ်ပေါင်း ၂၅၀ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အမေရိကန်နိုင်ငံတော်ကို တည်ဆောက်ဖို့အတွက်လည်း ကျနော်တို့ အားလုံး ကိုယ်စီတာဝန်တွေကို ဆက်လက်ထမ်းဆောင်ကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အမေရိကန် နိုင်ငံသားအပေါင်းတို့ကို ပြောချင်တာကတော ကျနော် ခင်ဗျားတို့ကို ဂုဏ်ယူပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ တရိုတသေ တန်ဖိုးထားရတဲ့ ကျနော်တို့ရဲ့ မိခင်နိုင်ငံတော်ကြီးလည်း မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်”လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးရတာ နှစ် ၂၅၀ မြောက် နှစ်ပတ်လည်နေ့ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပခဲ့ပါတယ်။
သင်္ဘောကြီးတွေက သူ့နောက်မှာ စီတန်းလှည့်လည်နေချိန်မှာ ဒုသမ္မတဗန့်စ်က က ကုန်းရေ ၂ တန်သွား တိုက်ခိုက်ရေးသင်္ဘော USS ကီယာဆာ့ဂျ် ရဲ့ ကုန်းပတ်ပေါ်မှာ စုဝေးနေတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။
စနေနေ့နှောင်းပိုင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံရဲ့ ဇူလိုင် ၄ ရက်နေ့ အထိမ်းအမှတ်ပွဲတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ကျယ်ပြန့်တဲ့ အပူလှိုင်းကြားမှာ ကြီးမားတဲ့ မီးရှူးမီးပန်းပြပွဲမတိုင်မီ National Mall မှာ လူအုပ်ကြီးကို မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ ရာသီဥတု အခြေအနေကြောင့် ဝါရှင်တန်ဒီစီမြို့တော်ရှိ ရင်ပြင်မှာရှိတဲ့ လူအုပ်ကြီးတွေကို နေရာရွှေ့ပြောင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင် ၄ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
အဲဒီဒေသမှာ ရာသီဥတုဆိုးရွားမှုကြောင့် လာရောက်လည်ပတ်သူတွေ ခိုလှုံစရာရှာဖို့ အမျိုးသားဥယျာဉ်ဌာနက တောင်းဆိုခဲ့ပါတယ်။
ပန်းခြံစောင့်တွေ၊ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေနဲ့ တခြားပွဲအခမ်းအနားဆိုင်ရာ ဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါလို့ ဌာနက X လူမှုကွန်ရက် မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။
Source: Reuters










