DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှ နေရပ်ပြန်မည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆို
DVB
·
March 16, 2023
နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှ နေရပ်ပြန်မည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆို
1 / 3
Donate to DVB

နေရပ်ပြန်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြကြောင်း ဒုက္ခသည်ခေါင်းဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁၅ ရက်ကတည်းက မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လူ ၁၀၀၀ ကျော်လောက်ကို  နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။  

ဒုက္ခသည်တဦးက "ကျနော်တို့ကတော့ သူတို့ဆီကအချက် ၃ ခုတောင်းဆိုခဲ့ကြတယ်။ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားထုတ်ပေးရမယ်။ မူလနေရာမှာပြန်ပြီး နေရာချပေးရမယ်။ တခြားတိုင်းရင်းသား ၁၃၅ မျိုးလို တရားမျှတမှုနဲ့ အသွားအလာ လွတ်လပ်ခွင့်ပေးရမယ်။လို့ တောင်းဆိုခဲ့တယ်။ သူတို့ကိုတော့ စစ်ကောင်စီက အခုအချိန်အထိ ဘာမှပြန်မပြောသေးဘူး။ သူတို့ ခွင့်မပြုရင် ပြန်မသွားနိုင်ဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီက ဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်တာမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

နေရပ်ပြန်မယ့် စာရင်းမှာပါလာသူတွေကို မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ လ.ဝ.က မှတ်တမ်းတွေအရ ၇ ရက်ခန့် စစ်ဆေးသွားမှာဖြစ်ပြီး ပြန်လာချင်သူတွေကို  သူတို့အဖွဲ့နဲ့အတူ တပါတည်းခေါ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက “သူတို့တောင်းဆိုတဲ့အချက်တွေကို လက်ခံရင် ပြန်လာမယ်လို့ သိရတယ်။ တောင်းဆိုချက်တွေ လက်မခံရင်တော့ လာဖို့မသေချာပါဘူး။ သူတို့ကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ လူတွေကို လိုက်ပြီးမေးနေတယ်။ ဒုက္ခသည်တွေကလည်း သူတို့ရဲ့အခြေအနေတွေကို စောင့်ကြည့်နေကြတယ်။ သူတို့တောင်းဆိုတာကို လက်ခံရင် လာကြမယ်။ လက်မခံရင် မလာဘူးလို့ သိရတယ်။ သူတို့အဖွဲ့ကတော့ ဘင်္ဂလားမှာ ၇ ရက် တစ်ပတ်လောက် ကြာမယ်လို့ ကြားသိရတယ်။ ခေါ်လာရင် သူတို့နဲ့ တစ်ခါတည်း ခေါ်မယ်။ အိမ်ထောင်စုကတော့ ၇၀၊ လူဦးရေ ၁၀၀၀ ကျော်လို့သိရတယ်” လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တချို့ကတော့ နေရပ်ပြန်ဖို့ စာရင်းပေးထားတာတွေရှိနေပြီး အဲ့ဒီလူစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို ပေးပို့ထားသလို မြန်မာဘက်ကလည်း ပြန်လည်လက်ခံမယ့် လူစာရင်းကို ဘင်္ဂလာအစိုးရဆီ ပြန်လည်ပေးပို့ထားပြီးဖြစ်ပါတယ်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ ရိုဟင်ဂျာဒုက္ခသည် အိမ်ထောင်စု ၇၀ ဆယ်ကျော်လူဦးရေ ၁၁၄၀ ဦးရှိပြီး ဒီအထဲမှာ ဟိန္ဒူဒုက္ခသည် ၃၀၀ ကျော်ပါ ဝင်ကြောင်းသိရှိရပါတယ်။

လက်ရှိ ဒုက္ခသည် ၁၁၄၀ ထဲမှာ ၇၁၁ ​ဦးရဲ့ အချက်အလက်တွေကို စစ်ဆေး အတည်ပြုပြီးဖြစ်ပေမဲ့ ၄၂၉ ယောက်ရဲ့ စာရင်းတွေကို စိစစ်နေဆဲဖြစ်တယ်လို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013