DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေဘိုမြို့ ထူးကြီးရွာအတွက် ရက်ကန်းစင်များ လှူဒါန်း
DVB
·
March 16, 2023
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေဘိုမြို့ ထူးကြီးရွာအတွက် ရက်ကန်းစင်များ လှူဒါန်း
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ထူးကြီးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီးနောက် ရိုးရာလက်မှုပညာ ရက်ကန်းအလုပ်နဲ့ အသက်မွေးရတဲ့ လက်ရက်ကန်းတွေသာမက စက်ရက်ကန်း စုစုပေါင်း ရာချီနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ပြည်တွင်းပြည်ပက အလှူရှင်တွေ စိုက်ထုတ်လှူဒါန်းမှုနဲ့အတူ ဒီလထဲမှာ ရက်ကန်းစင်တွေ အပါအဝင် မီးရှို့ခံရတဲ့ အိမ်တွေလည်း ပြန်ဆောက်ပေးသွားမှာဖြစ်ပြီး တလကို ရက်ကန်းစင် ၁၀ စင် လှူဖို့ မှန်းထားတယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က “ရက်ကန်းလုပ်ငန်းတခုတည်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေသူတွေကို ဦးစားပေး ရွေးထုတ် မဲနှိုက်ပြီး ပထမတသုတ် မဲဖောက်ပေးတာပါ၊ ဒါက ပထမအကြိမ်ပါ။ ၂ စင် စပြီး လှူတယ်။ ဒီနေ့လည်း ဆက်လှူမယ်။ လက်သမားဆရာ သေချာရှာပြီး လုပ်ပေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဖျက်ဆီးသွားတဲ့ ရက်ကန်းစင်ပေါင်း ဆုံးရှုံးမှုက ကာလတန်ဖိုး သိန်းပေါင်း သောင်းဂဏန်းလောက်ရှိပြီး လက်ရက်ကန်းချည်းပဲ ရာနဲ့ချီ ကုန်သွားတာဖြစ်ကာ စက်ရက်ကန်းက တရုံကို အနိမ့်ဆုံး သိန်း ၂၀၀ ကနေ ၅၀၀၊ ၁,၀၀၀၊ ၁၀ ရုံလောက် လောင်သွားတာဆိုတော့ တရွာလုံးတွက်ရင် သိန်းပေါင်း သောင်းဂဏန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

S&C တာဝန်ခံ ကိုစိုးမိုးအောင်က “စက်ရက်ကန်းစင်က ပိုက်ဆံရှိတဲ့သူတွေမှ ထောင်နိုင်တာ။ သူတို့ကတော့ သိန်းရာချီ ဆုံးရှုံးတာ။ အများကြီး ဆုံးရှုံးတာ။ တောင်သူနားတဲ့အခါ ရက်ကန်းခတ်ကြတာ၊ တရွာလုံးရဲ့ ၈၀ ရာခိုင်နှုန်းက ရက်ကန်းစီးပွားရေး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက တောင်သူလုပ်ငန်း လုပ်ကိုင်နေတာ” လို့ ပြောပါတယ်။

ရွှေဘိုနယ်ထဲက ဆိပ်ခွန်၊ ထူးကြီးရွာ၊ ရွှေဘိုနဲ့ ဒီပဲယင်းအစပ် မူးမြစ်ကမ်းရွာတွေဟာ ရိုးရာရက်ကန်းရုံတွေ အများဆုံးရှိပြီး ဒီနယ်တွေထဲ ရိုးရာအထည်ရက်ကန်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

လက်ရက်ကန်းစင်တလုံး ကာလပေါက်ဈေး ၆ သိန်းဝန်းကျင်ရှိကာ စက်ရက်ကန်းတစင်းရဲ့ ကာလပေါက်ဈေး တစင်းကို သိန်း ၂၀ ဝန်းကျင်ရှိပြီး စုစုပေါင်း ၁၀၀ နီးပါးကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013