DVB Logo
Home
Lead Story
ကျောင်းချိပ်ပိတ်ခံရမှု ပီနန်ဆရာတော်ဘုရားကြီးနှင့် မေးမြန်းချက်
DVB
·
June 11, 2014
ကျောင်းချိပ်ပိတ်ခံရမှု ပီနန်ဆရာတော်ဘုရားကြီးနှင့် မေးမြန်းချက်
Donate to DVB

Pinan Sayardawဇွန်လ ၁၁ ရက်နေ့ မနက် ၁ နာရီမှာ သာသနာရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က တာမွေမြို့နယ် နတ်ချောင်းမှာရှိတဲ့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးမှာ သီတင်းသုံးနေတဲ့ သံဃာတွေနဲ့ ကျောင်းမှာ ဝေယျာဝစ္စဆောင်ရွက်တဲ့ ဒကာနဲ့ ဒကာမတွေကို ဖယ်ရှားခဲ့ပြီး ကျောင်းကို ချိပ်ပိတ်ခဲ့ပါတယ်။

သံဃာတွေကိုတော့ ကမ္ဘာအေးကို ပင့်ဆောင်သွားခဲ့ပါတယ်။  တာမွေရဲစခန်းကို ခေါ်ဆောင်ခံရတဲ့ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦးတို့ကိုတော့ မနက် ၉ နာရီဝန်းကျင်လောက်က ပြန်လွှတ်ပေးလိုက်ပါတယ်။

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသက ပိုင်ဆိုင်ကြောင်း အထောက်အထား အခိုင်အလုံ ရှိတယ်လို့ တင်လျှောက်ခဲ့ပေမယ့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း အဖွဲ့ကို ရေစက်ချ လှူဒါန်းထားတာကြောင့် အဖွဲ့ပိုင်ဖြစ်တယ်လို့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ပီနန်ဆရာတော်ဟာ ပြည်ပနိုင်ငံတွေမှာ ကျောင်းတွေ ဆောက်လုပ် သာသနာပြုနေသူ ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ကြွချီစဉ်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ ကျောင်းပိုင်ဆိုင်ရေးမှာ အခြေအတင် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ မတ် ၆ ရက်နေ့ ၄၇ ပါး စုံညီအစည်းအဝေးမှာတော့ ကျောင်းမှာ သီတင်းသုံးနေတဲ့ ပီနန်ဆရာတော်နဲ့ အပေါင်းပါတွေဟာ ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းကနေ  အပြီးအပိုင် ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ပီနန်ဆရာတော်ကြီးဟာ ဆက်လက်သီတင်းသုံးနေစဉ်က တစုံတရာ မထူးခြားပေမယ့် ဆရာတော်ကြီး ဂျပန်နိုင်ငံကို ကြွချီနေတဲ့အချိန်မှာ ကျောင်းကို ၀င်ရောက်ဖယ်ရှား ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

၁၀ ထပ်အမြင့် ဆောက်လုပ်ထားတဲ့ ဒီကျောင်းတော်ကြီးကို သာသနာပြုဖို့ ရည်ရွယ် ဆောက်လုပ်ခဲ့ပေမယ့် လက်ရှိကာလမှာ ပီနန်ဆရာတော်ကြီးဘက်က သံဃာ ၅ ပါးနဲ့ မဟနက ထားရှိတဲ့ သံဃာ ၂ ပါးခန့်သာ သီတင်းသုံးနေကြတာလို့ ဆိုပါတယ်။

ဒီကျောင်းတော်ကြီးမှာ မင်္ဂလာဆွမ်းကျွေးဧည့်ခံခြင်းတွေကို ဆောင်ရွက်နေပြီး ထမင်းကျွေးမွေးတဲ့ ခန်းမတွေဟာ ၉ သောင်းနဲ့ ၅ သောင်း အသီးသီးဈေးပေါက်ပါတယ်။

အစားအသောက်နဲ့ အခမ်းအနားပြင်ဆင်မှုတွေ၊ မှတ်တမ်းတင်တွေအတွက်ပါ ၀န်ဆောင်မှု ပေးသလို ဖျော်ဖြေရေးပိုင်းမှာလည်း စင်တင်တီးဝိုင်းတွေဟာ  ၄ သိန်း၊ ၃ သိန်း အသီးသီး ငှားရမ်းတင်ဆက်နေတာပါ။

ကျောင်းချိပ်ပိတ်ခံရမှုနဲ့ ပတ်သက်လို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးရဲ့ ပဓာန သြ၀ါဒါစရိယ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဓန္တ ပညာဝံသ (ပီနန်ဆရာတော်)ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013