DVB Logo
Home
Lead Story
မဟာသန္တိသုခကျောင်း အင်အားသုံးဖယ်ရှာမှု ၈၈ မျိုးဆက်အဖွဲ့ ကန့်ကွက်
DVB
·
June 11, 2014
မဟာသန္တိသုခကျောင်း အင်အားသုံးဖယ်ရှာမှု ၈၈ မျိုးဆက်အဖွဲ့ ကန့်ကွက်
Donate to DVB

88studentသာသနာရေးဦးစီးဌာနနဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ “မဟာသန္တိသုခကျောင်းတော်ကြီး””ကို အင်အားသုံးဝင်ရောက်စီးနင်း သိမ်းပိုက်ကာ ကျောင်းရှိသံဃာတော်တွေကို အလိုမတူဘဲ အတင်းအကျပ် ခေါ်ဆောင်သွားပြီး ကျောင်းကို ချိပ်ပိတ်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

“ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုး လှသည်။ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ပြည်ပ သာသနာပြု ခရီးကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားသည် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အနေဖြင့်လည်းကောင်း၊ သာသနာဝန်ကြီးဌာန အနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံးဖယ်ရှားခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေးအနက်ကန့်ကွက်လိုက်သည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်အတွက် နိုင်ငံတော်သံဃမဟာနာယက နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့မှာ တာဝန်ရှိသလို ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ဆန့်ကျင်မှုတွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ ဘာသာရေးကိစ္စဟာ အလွန်သိမ်မွေ့တဲ့အတွက် တက်နိုင်သမျှ အညင်သာဆုံးနဲ့ တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ကြေညာချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013