DVB Logo
Home
မြန်မာသတင်း
မြင်းခြံ Black Tiger တပ်ဖွဲ့က ဘီးတပ်လောင်ချာ စမ်းသပ်ထုတ်လုပ်အောင်မြင်
DVB
·
March 15, 2023
မြင်းခြံ Black Tiger တပ်ဖွဲ့က ဘီးတပ်လောင်ချာ စမ်းသပ်ထုတ်လုပ်အောင်မြင်
Donate to DVB

မြင်းခြံ Black Tiger တပ်ဖွဲ့ (MBT) က ဘီးတပ်လောင်ချာ လက်နက်ကြီးတမျိုး စမ်းသပ်ထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ MBT ကနေ သိရပါတယ်။

အဲဒီ တာဝေးပစ် ဘီးတပ်လောင်ချာဟာ မီတာ ၆၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး ကျည်တတောင့်ချင်း ပစ်ခတ်လို့ရသလို ၃ တောင့်တွဲလည်း ပစ်ခတ်လို့ရတယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

ဒီဘီးတပ်လောင်ချာ ထုတ်လုပ်နိုင်ဖို့ စိတ်ကူးထားတာ ၅ လလောက် ကြာခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီး စမ်းသပ်ရာမှာ ၂ ကြိမ်လောက် Error ဖြစ်ခဲ့ပြီး တတိယအကြိမ် စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်ရေးပိုင်း ကုန်ကျစရိတ်ကတော့ ပြောင်းတွေက မိုင်တဲတာဝါတိုင်နဲ့ လုပ်တာဖြစ်ကုန်ကျမှု မရှိပေမဲ့ တခြားပစ္စည်းတွေအတွက်ကတော့ ၈ သိန်းကျပ်လောက် ကုန်ကျမှုရှိတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ကျည်ကတော့ ကိုယ်တိုင်ထုတ်လုပ်တာဖြစ်ပြီး အရှည်ကတော့ တတောင်ဝန်းကျင်လောက် ဖြစ်ကာ ကျည်တတောင့်ကို ၃၀,၀၀၀ ကျပ်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

အခုစမ်းသပ်ထုတ်လုပ်လိုက်တဲ့ ဘီးတပ်လောင်ချာကို မတ်လ ၁၂ ရက်က ရေစကြိုမြို့နယ်ကနေ အင်အား ၇၀ လောက်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကမ်းတဖက်ကနေ ပစ်ခတ်ခဲ့လို့ ပြန်ပြေးသွားကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ အညာဒေသမှာ လက်နက်ခဲယမ်းအင်အား နည်းပါးတာကြောင့် စစ်ကောင်စီက ထင်သလို စစ်ကြောင်းတွေထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ရန်ကနေ အကာအကွယ် ပေးနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ။”

ဒီဘီးတပ်လောင်ချာ ထုတ်လုပ်နိုင်ဖို့အတွက် ရန်ပုံငွေအခက်အခဲတွေကြောင့် ကြန့်ကြာခဲ့ရတာဖြစ်ပြီး နောက်ထပ်လည်း ဘီးတပ်လောင်ချာ ၂ လက်လောက် ထုတ်လုပ်ဖို့ စီစဥ်ထားပေမဲ့ ရန်ပုံငွေအနေအထားအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

နည်းပညာပိုင်းအနေနဲ့ တခြား မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ယမ်းပိုင်းဆိုင်ရာ လက်နက်ကြီးပိုင်းဆိုင်ရာတွေ လာရောက်သင်ယူတာတွေရှိသလို ဘယ်တော်လှန်ရေးတပ်ဖွဲ့ ကိုမဆို နည်းပညာတွေ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013