DVB Logo
Home
မြန်မာသတင်း
တရုတ်ဖိနပ်စက်ရုံ မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်း
DVB
·
March 15, 2023
တရုတ်ဖိနပ်စက်ရုံ မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်း
Donate to DVB

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကြောင့် အခုလက်ရှိ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ All Win Shoes ကုမ္ပဏီလီမိတက်ရဲ့ ဖိနပ်စက်ရုံကို ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ စက်ရုံတာဝန်ရှိသူက ပြောပါတယ်။

All Win Shoes ကုမ္ပဏီလီမိတက်(ကမ္ဘောဒီးယား)ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စတာဟူက  ကမ္ဘောဒီးယား အလုပ်သမားနဲ့ သက်မွေးပညာလေ့ကျင့်ရေးဝန်ကြီး ဆမ်ဟန်ကို တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့တာလို့ ဖနွမ်းပင်ပို့စ် သတင်းမှာ မတ်လ ၁၄ ရက်က ဖော်ပြပါတယ်။

ကမ္ဘောဒီးယားမှာ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ခရီးသွားအသုံးအဆောင်ပစ္စည်းထုတ်စက်ရုံ အစရှိတဲ့ လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်လာရေးအတွက် ရှင်းလင်းပြတ်သားတဲ့ စီမံကိန်းတွေ ချမှတ်ထားပြီး အလုပ်သမားရေးရာ ပြဿနာတွေကို ဖြေရှင်းဖို့ကိုလည်း လိုအပ်တဲ့ လုပ်ငန်းအစိတ်အပိုင်းတွေကို အဆင်သင့်နေရာတကျ ပြင်ဆင်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဘုရင့်နေပြည်တော်ဟာ ငြိမ်းချမ်းတယ်။ နိုင်ငံရေးတည်ငြိမ်မှုရှိတယ်။ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတာအပြင် နိုင်ငံရဲ့ မူဝါဒကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကမ္ဘောဒီးယားကို လာရောက်ကြဖို့ အားပေးချမှတ်ထားတာဖြစ်လို့ ကျနော်တို့က ကမ္ဘောဒီးယားမှာ ပြောင်းဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်” လို့ မစ္စတာဟူက ပြောပါတယ်။

လာမယ့်ဇွန်လအတွင်း ခမ်ပေါင်ဆွတ်ခရိုင်ထဲက ဆမ်ရောင်တွန် နယ်မြေမှာ စတင်ဆောင်ရွက်တော့မယ့် ဖိနပ်စက်ရုံဆောက်လုပ်ရေးမှာ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ရရှိရေးအတွက် တရုတ်ကုမ္ပဏီက  ဝန်ကြီးနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားမှာ ယုံယုံကြည်ကြည်နဲ့ လာရောက်ရင်းနှီးမြှုပ်နှံတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ကမ္ဘောဒီးယားရဲ့ စီးပွားရေးစနစ်ထဲကို ငွေကြေးတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ယူဆောင်လာပေးမယ့် ရင်းနှီးမြှုပ်နှံသူတွေအားလုံးကို ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယားဟာ ဥရောပ၊ အမေရိကန်နဲ့ ဂျပန်တို့က အဝတ်အထည်၊ ဖိနပ်နဲ့ ခရီးသွားအသုံးအဆောင် ဈေးကွက်တွေနဲ့လည်း ချိတ်ဆက်မှုရှိတယ်လို့ ဝန်ကြီးကပြောပါတယ်။ 

“အလုပ်လုပ်ရတာ အဆင်ပြေစေမယ့် ကုန်သွယ်ရေးမူဝါဒတွေကို ချမှတ်ထားတာကြောင့် ကမ္ဘောဒီးယားဟာ အဲဒီဈေးကွက်ကြီးတွေနဲ့ အမြဲချိတ်ဆက်ထားနိုင်ပြီး နာမည်ကြီး တံဆိပ်တွေဆီကနေ ရေရှည်အော်ဒါရနေနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဟာ မိတ်ဖက်နိုင်ငံအမြောက်အမြားနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်တွေ ရရှိထားသလို ငယ်ရွယ်တဲ့ အလုပ်သမားအင်အားစုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

အခုလက်ရှိ နယ်ပယ်အသီးသီးက လုပ်ငန်းတွေနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် လုပ်ငန်းတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့အတွက် အလုပ်သမားတွေကို သက်မွေးပညာရပ်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အလုပ်သမားဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ဝန်ကြီး ဆမ်ဟန်ကို ကိုးကားပြီး ဖနွမ်းပင်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်နေတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်မှုနည်းပါးလာသလို ရှိထားပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေလည်း တဖြည်းဖြည်း မြန်မာပြည်ကနေ ထွက်ခွာသွားနေကြပါတယ်။

Ref-Phnom penh post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013