DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်တွင် စစ်တပ်ကလက်နက်ကြီးပစ်ခတ်သဖြင့် နေအိမ် ၄ လုံး ပျက်စီး
DVB
·
March 15, 2023
ဘီးလင်းမြို့နယ်တွင် စစ်တပ်ကလက်နက်ကြီးပစ်ခတ်သဖြင့် နေအိမ် ၄ လုံး ပျက်စီး
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က မတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝင်းတာပန်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲအချိန်လောက်က ဝင်းတာပန်ရွာထဲနဲ့ ရွာအပြင်ဘက်ကို လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝင်းတာပန်ကျေးရွာနေ ဒေသခံ ယားမကြိုင်၊ တီးသားလေး၊ တီးလှထွေး၊ လုံးဒိုးတို့ရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး နွားတစ်ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ရာနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရာပေမဲ့ အခုအခါမှာတော့ ကျေးရွာအတွင်း ပြန်လည် နေထိုင်နေကြပြီလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း KNU တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတို့ကြား တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီတပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013