DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တက္ကစီ မီတာတပ်ရမည့်အပေါ် ယာဉ်မောင်းများ ဝေဖန်
DVB
·
March 15, 2023
ရန်ကုန်တွင် တက္ကစီ မီတာတပ်ရမည့်အပေါ် ယာဉ်မောင်းများ ဝေဖန်
Donate to DVB

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ အငှားယာဉ် တက္ကစီတွေမှာ စမတ်မီတာတွေ တပ်ဆင်ဖို့ စတင်လုပ်ဆောင်နေပြီလို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က မတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

YRTC အနေနဲ့ အငှားယာဉ်အစီးရေ ၅၀၀ ဝန်းကျင်ကို ပထမဦးဆုံးအနေနဲ့ စမ်းသပ်ပြေးဆွဲဖို့ ဆောင်ရွက်နေပြီး စနစ်တကျ လုံခြုံမှုရှိရှိနဲ့ ပြေးဆွဲနိုင်ဖို့အပြင် စီးနင်းမယ့် ခရီးသည်တွေ အတွက်လည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်လာဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

အဲဒီလို မီတာတွေတပ်ဆင်ပြီးရင် ယာဉ်စီးခနှုန်းထားတွေကိုလည်း CNG စျေးနှုန်းနဲ့ တွက်ချက်ကောက်ခံမှာမဟုတ်ဘဲ စက်သုံးဆီစျေးနှုန်းပေါ် မူတည်ပြီး ကောက်ခံသွားမှာ ဖြစ်တာကြောင့် ရန်ကုန်မြို့က ယာဉ်လမ်းကြောပိတ်ဆို့မှုများတဲ့အတွက် မီတာစနစ်က အဆင်မပြေနိုင်ဘဲ မီတာစနစ်သုံးမယ်ဆိုရင် ကားသမားတွေအပြင် ခရီးသည်တွေလည်း နစ်နာမှုတွေ ရှိနိုင်သလို စကားများရတဲ့ အခြေအနေတွေလည်း ရှိလာနိုင်တယ်လို့ ရန်ကုန်မြို့ခံ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

တဖက်မှာလည်း ရန်ကုန်မြို့တွင်းမှာ ကီလိုမီတာအသုံးပြုပြီး ယာဉ်စီးခ ကောက်ခံစနစ် အသုံးပြုနေတဲ့ တက္ကစီအဖွဲ့ပေါင်း ၄၀ ဝန်းကျင်ခန့် ရှိတယ်လို့ တက္ကစီဆွဲနေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။

အဆိုပါအဖွဲ့တွေအနေနဲ့ YRTC နဲ့လည်း အစည်းအဝေး ပြုလုပ်ပြီးသွားပြီဖြစ်သလို YRTC ဘက်က ပုံသေဈေးနှုန်း ပြန်လုပ်ပေးမယ်လို့ ပြောထားကာ မီတာတွေလည်း တပ်ပေးမယ်လို့ပြောပြီး ဘာမှတော့ အတည်ပြုလို့ မရသေးဘူးလို့ တွေ့ဆုံဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ အငှားယာဉ်မောင်းတဦးက ဆိုပါတယ်။

“မြန်မာပြည်မှာက ဘာပဲလုပ်လုပ် ကွင်းဆင်းလေ့လာမှု မရှိဘူး။ ဒီစနစ်ကြီး အောင်မြင်နိုင်မလားဆိုတဲ့ ဆာဗေးမရှိဘူး။ ဒီစနစ်ကြီးက လူထုကို ဘယ်လောက်အထိ အကျိုးပြုလဲဆိုတဲ့ ဆာဗေးလည်း မရှိဘူး” လို့ ရန်ကုန်မြို့ခံ ပြည်သူတဦးက မှတ်ချက်ပြုပါတယ်။

“အဓိကကတော့ မဖြစ်ဖြစ်အောင်လုပ်၊ ဒီစီမံချက်ကြီးကို လုပ်၊ လူတွေက မီတာတက္ကစီဖြစ်ဖို့ စက်တွေလိုက်ဝယ်၊ မရှိရင် ဒဏ်ငွေရိုက်၊ အဲဒီလိုနည်းနဲ့ ပိုက်ဆံကို ယူတဲ့နည်းပေါ့။ အရင်တုန်းကလည်း ကားသမားတွေက မီတာတော့ တပ်ထားတယ်၊ ခရီးသည်နဲ့ပေါင်းပြီး ညှိနှိင်းစျေးနဲ့ပဲ သွားခဲ့ကြတာ၊ မအောင်မြင်ခဲ့တာကို ပြန်လုပ်မယ်ဆိုတာ ဌာနဆိုင်ရာက ပစ္စည်းတင်သွင်းမယ့်လူတွေနဲ့ ပေါင်းပြီး ပိုက်ဆံဘယ်လိုရှာရမလဲ ဆိုတာမျိုးပေါ့။ ဒါက လူထုကိုဗဟိုပြုတဲ့ စနစ်မဟုတ်ဘူး။ ဌာနဆိုင်ရာတွေ၊ ယာဉ်ထိန်းရဲတွေ ပိုက်ဆံရဖို့အတွက် လုပ်တဲ့စနစ်ဆိုတော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။”

တက္ကဆီတွေမှာ စမတ်မီတာအသုံးပြုပြီး ယာဥ်စီးခကောက်ခံနိုင်မယ့် စနစ်ကို အရင် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က တကြိမ်၊ ၂၀၁၃ ခုနှစ်မှာလည်း တကြိမ် လုပ်ဆောင်ခဲ့ပေမဲ့ အောင်မြင်ခဲ့ခြင်းမရှိသလို လက်ရှိ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၃ မှာလည်း စစ်ကောင်စီရဲ့ YRTC က ထပ်မံကြိုးစားလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013