DVB Logo
Home
မြန်မာသတင်း
ကချင်ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
DVB
·
June 11, 2014
ကချင်ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
Donate to DVB

ကချင်ပြည်နယ် ရွှေကူမြို့နယ်က ကချင်ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးကို ဗန်မော်ခရိုင်တရားရုံးကနေပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

Shwe Ku Mapရွှေကူမြို့နယ် အမတ်ကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးမလိတန်ကို ဗန်းမော်ခရိုင် တရားရုံးက ဇွန် ၁၀ ရက်နေ့မှာ လက်နက်ကိုင်ဆောင်မှု၊ ပေါက်ကွဲမှုပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဦးမလိတန်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ မေလ က လယ်ယာက အပြန်မှာ ခလရ ၁၂၁ တပ်ရင်း နဲ့ကြုံတွေ့ခဲ့ပြီး စစ်တပ်က စစ်ဆေးရာမှာ  ရုံးတံဆိပ်တုံးတွေနဲ့  ရုံးသုံးစာရေး ကိရိယာ အချို့တွေ့တဲ့အတွက် သူ့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဦးမလိတန်ကို ခေါ်သွားရာ လမ်းမှာ  မြေမြှုပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် စစ်တပ်ကနေပြီး  ဦးမလိတန်ကို  ကန်ကျောက်၊ ထိုး၊ ရိုက်နှက်ခဲ့ပါတယ်။  ကျောက်ကြီးကျေးရွာ အရောက်မှာတော့ ရဲစခန်းကိုပို့ပြီး ပုဒ်မ ၁၇၊ ၁ နဲ့ တရားစွဲဆိုပြီး  ရွှေကူတရားရုံးမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

ဒီလို ထောင်ဒဏ်ချမှတ်ခံရချိန်  ဗန်းမော်ခရိုင်တရားရုံးက နောက်ထပ်အမှုတွေနဲ့ စွဲဆိုပြီး ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာလို့ ဦးမလိတန်ရဲ့ရှေ့နေ ဒေါ်ထန်ကိုင်နော်က ပြောပါတယ်။

“၁၇ (၁)နဲ့ ရွှေကူတရားရုံးမှာ စွဲတာ ဟုတ်တယ်။ ရွှေကူတရားရုံးကနေ ၂ နှစ် အမိန့်ချမှတ်ပြီးတော့မှ ဗန်းမော်ခရိုင်တရားရုံးကနေပြီး သူ့ကို ၁၉၅၁ ခုနှစ် လက်နက်ကိုင်ဆောင်မှု အက်ဥပဒေပုဒ်မ ၁၉ (က)နဲ့ ၁၉၈၂ ဖောက်ကွဲ ပုဒ်မ (၃) ၄ (ခ)နဲ့ သူ့ကို တရားစွဲဆိုထားတယ်။ ဒီနေ့က အမိန့်ချတဲ့ နေ့ပါ။ ၁၉ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ပါတယ်။ ဖောက်ကွဲ (၃)မှာ ၁၀ နှစ် ဖောက်ကွဲ ၄ (ခ) မှာ ၇ နှစ် သီးခြားစီ ချမှတ်လိုက်တယ်။”

ဦးမလိတန်ဟာ  လက်နက်ကိုင်ဆောင်မှုမရှိသလို ဖောက်ကွဲမှုကျူးလွန်တာ မရှိခဲ့ဘူးလို့ တရားလိုပြသက်သေတွေက ထွက်ဆိုခဲ့ပေမယ့် အခုလို အမိန့်ချလိုက်တာလို့ ပြောပါတယ်။

“သူရဲ့ထွက်ဆိုချက်အရ၊ သူ့ရဲ့ညွှန်ကြားချက်အရ ကျမတို့ သူဆီမှာ မှတ်တမ်းယူထားတဲ့အရဆိုရင် သူလုံးဝ မလုပ်ဘူး။ ပြီးတော့ သူ့ရဲ့ညွှန်ကြားချက်အရကော သူ့ကပြတဲ့ သက်သေအရကော ကျမတို့ စစ်ထားပြီးပြီဖြစ်တယ်။ ပေါက်ကွဲမှု မဖြစ်ခင်ကတည်းကနေ လမ်းမှာကတည်းက သူပါသွားတယ်ဆိုတာကို ကျမတို့ ခံပြသက်သေတွေမှာလည်း ကောင်းကောင်းပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဟာတွေကို ဒီမှာတော့ သုံးသပ်ထားတာမတွေ့ပါဘူး။ ခိုင်လုံတာမရှိဘူးဆိုတာပဲ သုံးသပ်ထားပေးတာဖြစ်ပါတယ်။ သူ့ရဲ့ တကယ့်ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံတာ အရမ်းအားနည်း နေတာတွေ့ရပါတယ်။ ဦးမလိတန်အတွက် သူ့ရဲ့အခွင့်အရေးအတွက်ကို အမှန်တရားအတွက် ကျမတို့ ဆက်တက်သွားဦးမှာပါ။ ပြည်နယ်အထိတက်ဦးမှာပါ။ ပြည်နယ်ကနေ လွှတ်တော်အထိ ဆက်တက်သွားဦးမှာပါ။”

ဒီအမိန့် ချမှတ်မှုနဲ့ပတ်သက်ပြီး ဦးမလိတန်အတွက် အယူခံဝင်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့မေ ၅ ရက်နေ့ကလည်း  ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ကျခံနေတဲ့ ကချင်စစ်ရှောင်ဒုက္ခသည် ၃ ဦးကို မြစ်ကြီးနားခရိုင်တရားရုံးက ဖောက်ခွဲမှုပုဒ်မတွေနဲ့ ထပ်မံပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013