
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ဝန်ကြီးချုပ်
မစ္စတာ ဆူဟီးလ် ကွိုင်ရာလာ (Mr. Sushil Koirala) ရဲ့ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့ကို လာမယ့် ဇွန် ၁၃ ရက်နေ့မှာ သွားရောက်ဖို့ ရှိနေပါတယ်။
နီပေါနိုင်ငံသမ္မတ အာရ်တီ ဟွန် ဒေါက်တာ ရမ် ဘာရမ်း ယာဒက်ဗ် (Rt. Hon. Dr. Ram Baran Yadav)၊ ဝန်ကြီးချုပ် အာရ်တီ ဟွန် မစ္စတာ ဆူဟီးလ် ကွိုင်ရာလာ (Rt. Hon. Mr. Sushil Koirala) တို့နဲ့ တွေ့ဆုံမယ့်အပြင် နီပေါနိုင်ငံလွှတ်တော် (Baneshwar) ကို သွားရောက် လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဆူဘတ် ချန့်ဒရာ နမ်ဘောင် (Mr. Subash Chandra Nembang)နဲ့ လည်း တွေ့ဆုံဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ဆိုင်ရာ ပြောခွင့်ရသူ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
ဒါအပြင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဘီပီ ကွိုင်ရာလာ (Mr. B.P. Koirala) နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ပြီး နှုတ်ခွန်းဆက်စကားပြောကြား ဖို့ရှိသလို လုမ္ဗနီဥယျာဉ် (Lumbini) ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ပြောပါတယ်။
မေ ၁၆ ရက်နေ့ညမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။











