DVB Logo
Home
မြန်မာသတင်း
တရားဝင် အလှကုန်ပစ္စည်းကို သုံးစွဲကြရန် အက်ဖ်ဒီအေ တိုက်တွန်း
DVB
·
June 10, 2014
တရားဝင် အလှကုန်ပစ္စည်းကို သုံးစွဲကြရန် အက်ဖ်ဒီအေ တိုက်တွန်း
Donate to DVB

မြန်မာပြည် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းအားလုံးကို အန္တရာယ်ရှိမရှိ စစ်ဆေးစမ်းသပ်ဖို့ ခက်ခဲတာကြောင့်   သုံးစွဲသူတွေအနေနဲ့   တရားဝင်တင်သွင်းတဲ့ အလှကုန်တွေကိုသာ အဓိကထား ၀ယ်ယူသုံးစွဲကြဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အကြံပြုတိုက်တွန်းလိုက်ပါတယ်။

cosmetic1၀န်ထမ်းအင်အားနည်းပါး တာကြောင့် မြန်မာနိုင်ငံ တ၀န်း ဈေးကွက်ထဲ မှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေ အားလုံးကို သုံးစွဲဖို့ သင့် မသင့် မစစ်ဆေးနိုင်သေးဘူးလို့ အစား အသောက် နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလှကုန်ပစ္စည်းတံဆိပ်မျိုးစုံကို အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကနေ နည်းလမ်းပေါင်းစုံနဲ့ တင်သွင်းရောင်းချတာရှိသလို ပြည်တွင်းမှာလည်း ထုတ်လုပ်ပါတယ်။

သွင်းကုန်လိုင်စင်နဲ့ သွင်းလာတဲ့ အလှကုန်ပစ္စည်း အားလုံးကို အက်ဖ်ဒီအေ အနေနဲ့ ထိန်းချုပ်လို့ မရသေးဘူးလို့  ဓာတ်ခွဲဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ချစ်က  ဒီဗွီဘီကို ပြောပါတယ်။

လတ်တလော အက်ဖ်ဒီအေက  အသားဖြူစေတဲ့ အလှကုန်တွေကို အဓိက စစ်ဆေးနေတယ်လို့ အလှကုန်နဲ့ ဆေးဝါးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သဇင်ရီလှိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက အက်ဖ်ဒီအေမှာ စာရင်းပေးမထားတဲ့အပြင် အန္တရာယ်ရှိတဲ့  ဓာတုပစ္စည်းတွေပါတဲ့ ထိုင်းနိုင်ငံထုတ်  အလှကုန် ၉ မျိုးကို  သုံးစွဲဖို့ မသင့်ဘူးလို့ အများပြည်သူတွေကို အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကတော့  လက်ရှိမှာ စားသောက်ကုန်တွေရဲ့ အန္တရာယ်ကပိုကြီးလို့ ဦးစားပေးလုပ်ဆောင်နေပြီး အလှကုန်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မြန်မာပြည်က လူသုံးများတဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာတော့ အလှကုန်ပစ္စည်း ကြော်ငြာ စာမျက်နှာတွေ  အများအပြားရှိနေပြီး  ဒီပစ္စည်းတွေဟာ အက်ဖ်ဒီအေ ခွင့်ပြုချက်နဲ့ တရားဝင်တင်သွင်းလာတာ ဟုတ်မဟုတ်၊  ဒီပစ္စည်းတွေရဲ့ ဘေးအန္တရယ်ကင်းရှင်းမှုအပေါ် အာမခံနိုင်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013