DVB Logo
Home
မြန်မာသတင်း
ပီအာစနစ် ကျင့်သုံးရေး လွှတ်တော်တွင် ကန့်ကွက်သူများ
DVB
·
June 10, 2014
ပီအာစနစ် ကျင့်သုံးရေး လွှတ်တော်တွင် ကန့်ကွက်သူများ
Donate to DVB

လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) သုံးသင့်မသုံးသင့် နဲ့ပတ်သက်ပြီး  ဇွန်လ ၉ ရက်နေ့စပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးခဲ့ကြပြီး ကန့်ကွက် တင်ပြဆွေးနွေးသူက ပိုများနေပါတယ်။

national parlimentဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆက်လက်ဆွေးနွေးကြရာမှာ  တပ်မ တော်သားကိုယ်စားလှယ်တဦးပါအ၀င် ၆ ဦးက ကန့်ကွက်ကြတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒီနေ့ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၁၀ ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ကိုယ်စားလှယ် ၄ ဦးသာ ထောက်ခံဆွေးနွေးခဲ့ပြီး ကျန် ၆ ဦးကတော့ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

မနေ့ကလည်း လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ဒီကိစ္စ ဆွေးနွေးရာမှာ  ပြည်ခိုင်ဖြိုးပါတီ က ၂ ဦးသာ ထောက်ခံဆွေးနွေပြီး တပ်မတော်သား ကိုယ်စားလှယ်တွေအပါအ၀င် ကျန်သူတွေက မကျင့်သုံးသင့်သေးဘူးဆိုပြီး မထောက်ခံတဲ့ဘက်က ဆွေးနွေးခဲ့ကြပါတယ်။

ဇွန်လ ၃ ရက်နေ့က  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က  ပီအာစနစ်နဲ့ ကျင့်သုံးပေးဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပြီး   ဒီအဆိုကို ဆွေးနွေးဖို့  လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက  အမည်စာရင်းတင်ထားခဲ့တာပါ။

မနက်ဖြန် ဇွန်လ ၁၁ ရက်နေ့မှာလည်း  အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကိုပဲ  ကျန်ရှိနေသေးတဲ့ ကိုယ်စားလှယ် ၈ ဦး ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး အဲဒီနောက်  ပီအာစနစ် ကျင့်သုံးသင့် မသုံးသင့် ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ပီအာစနစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) က  ကန့်ကွက်ကြောင်း  နေပြည်တော်မှာ ဒီကနေ့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ပီအာစနစ် မကျင့်သုံးဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီနည်းအားဖြင့် ထိရောက်မှုမရှိရင် လူထုဆန္ဒထုတ်ဖော်ဆန်ကျင်ကန့်ကွက်သွားမယ်လို့  အန်ဘီအက်ဖ်ရဲ့ ပြောခွင့်ရသူ  ဦးစိုင်းလှကျော်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့ကြတဲ့  မဲအများဆုံးရရှိသူ အနိုင်ပေးတဲ့စနစ် (First Past The Post – FPTP System)ဖြစ်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ် (Proportional Representative-PR) ပြောင်းလဲကျင့် သုံးဖို့  အဆိုတင်တဲ့  အန်ဒီအက်ဖ်ပါတီအမတ် ဒေါ်ခင်ဝိုင်းကြည်ကတော့ ပီအာစနစ်ဟာ ပါတီအားလုံးက အမတ်တွေ လွှတ်တော်ထဲရောက်နိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပို သင့်တော်ကိုက်ညီတဲ့အကြောင်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲတွေလည်း ဆုံးရှုံး အလေအလွင့် မရှိနိုင်ဖူးလို့ ဒီဗွီဘီကို ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013