DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ လယ်သမားများ ၃ ရက်မြောက် ထွန်တုံးတိုက်ပွဲဆင်နွှဲ
DVB
·
June 10, 2014
ကန့်ဘလူ လယ်သမားများ ၃ ရက်မြောက် ထွန်တုံးတိုက်ပွဲဆင်နွှဲ
1 / 3
Donate to DVB

ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာက လယ်သမားတွေဟာ ၃ ရက်မြောက် ထွန်တုံးတိုက်ပွဲ ဆက်လုပ်နေပါတယ်။

image-200031d9aa81c7a5033ebba68d4f26366b1bcbf11b55a9e1d94d9a828719fdd1-V၁၉၉၁ ခုနှစ်မှာ တပ်မ ၃၃ က မြေဧက ၅၀၀ ကျော်သိမ်းယူခဲ့ပြီး ၂၀၀ ကျော် ပြန်ပေးခဲ့ပေ မယ့် ကျန်မြေတွေ မရသေးတဲ့အတွက် ဒီလိုလုပ်ရတာလို့ တောင် သူတွေက ပြောပါတယ်။

“ကျနော်တို့ တပ်မ ၃၃ တပ်မမှူးကနေ သမ္မတအထိ အဆင့်ဆင့် စာတင်ခဲ့တယ်။ ဘာမှ မထူးဘူး။ အခုဆိုရင် ဒီလို ပြန်လုတာကလွဲပြီး တခြားလုပ်စရာ မရှိတော့ပါဘူး” လို့ ထွန်တုံးတိုက်ပွဲမှာပါဝင်တဲ့ တောင်သူတဦးက ပြောပါတယ်။

image-112333437457aa3544f3484dce641ae15c27f76ab9d292374b1cf6cbbb7799e6-Vသူတို့ရဲ့ ထွန်တုံးတိုက်ပွဲကို ဇွန်လ ၈ ရက်နေ့က စခဲ့ပြီး မနေ့ကတော့ လယ်သမား ၅ ဦးကို ရဲစခန်းက ခေါ်ယူ အမှုဖွင့်ခဲ့ပါတယ်။

“ပုဒ်မ ၄၄၇ နဲ့ အမှုဖွင့်တယ်။ ပြီးတော့ အာမခံပေး ပြီး ပြန်လွှတ်ထားတယ်” လို့ တောင်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ FNI (အိုင်အယ်လ်အို နဲ့ ဆက်သွယ်ဆောင်ရွက်သောအဖွဲ့) အထက်မြန်မာပြည် တာဝန်ခံ ဦးမျိုးဝင်းက ပြောပါတယ်။

image-f1310975be8bbd258f23b16d303e1ca538e14addab8aa08dda6ffa69206e4c96-Vဒီနေ့မှာတော့ လာရောက်စောင့်ကြည့် ဓာတ်ပုံရိုက်တာမျိုးတွေ ရှိပေမယ့် ဘာအနှောင့်အယှက်မှ မရှိဘူးလို့ တောင်သူ မခင်ဌေးမြင့် က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013