DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃ ဦး ပင်လယ်ထဲ ခုန်ချ ၊ ၂ ဦးပျောက်ဆုံး
DVB
·
June 10, 2014
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃ ဦး ပင်လယ်ထဲ ခုန်ချ ၊ ၂ ဦးပျောက်ဆုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ ငါးဖမ်းလှေပေါ် ရောင်းစားခံရ တဲ့ မြန်မာအလုပ်သမား ၃ ဦး ပင်လယ်ထဲ ခုန်ချထွက်ပြေးရာမှာ ၂ ဦး ပျောက် ဆုံးနေပါတယ်။

[caption id="attachment_58315" align="alignleft" width="300"]ကိုမောင်လေးကို ဆေးရုံကားပေါ် တင်နေစဉ် ကိုမောင်လေးကို ဆေးရုံကားပေါ် တင်နေစဉ်[/caption]

ထိုင်းငါးဖမ်းလှေပေါ်မှာ မတရားခိုင်းစေခံရပြီး ပင်လယ်ထဲ ခုန်ချထွက်ပြေး တဲ့ မြန်မာနိုင်ငံသား ၁ ဦး သေကံမရောက် လွတ်မြောက်လာခဲ့ပြီး အခြား အဖော် ၂ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖူးခက်မြို့ ပင်လယ်ကမ်းစပ်မှာ လှိုင်းပုတ်ခံရပြီး ရောက်လာတဲ့ လူရွယ်တဦးကို ရွာသားတွေက ဆေးရုံမှာ လာပို့ထားကြောင်း ဖူးခတ်ဝချီရဆေးရုံရဲ့ အကြောင်းကြားချက်အရ ရဲစခန်းက သွားရောက်စစ်ဆေးခဲ့တယ်လို့ ထလန်မြို့နယ် ဆိပ်ကမ်းရဲစခန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

အသက်ဘေးက လွတ်လာသူဟာ အသက် ၂၃ နှစ်ရွယ်ရှိ မောင်လေးဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၃ ပတ်လောက်က ပွဲစားကနေတဆင့် ငါးဖမ်းလှေပေါ် ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဖူးခက်မြို့က ငါးမုန့်စက်ရုံမှာ အလုပ်လုပ်ဖို့ ပွဲစားကို ဘတ် ၁ သောင်းပေးခဲ့ရပြီးနောက် ငါးဖမ်းလှေပေါ် အပို့ခံရတယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ နားချိန်မရှိ ပိုက်ဆွဲပေးရတဲ့အတွက် အဖော် ၂ ဦးနဲ့အတူ လှေပေါ်က ခုန်ချခဲ့ကြောင်း၊ ပင်လယ်ထဲ အချိန်ပေါင်းများစွာ ကူးခတ်ခဲ့ပြီး အဖော်ဖြစ်သူ ၂ ဦးက သူ့ရှေ့မှာတင် ရေထဲပျောက်သွားခဲ့တယ်လို့ ရဲဝန်ထမ်းတွေကို ထွက်ဆိုခဲ့ကြာင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖူးခက်ခရိုင် ထလန်မြို့နယ် ထာ့ချတ်ချိုင်းဆိပ်ကမ်းရဲစခန်းမှူး ဗိုလ်မှူး ၀ပ်ချလင်း ကျီလတိကန်က “သူ့ကို ရွာသားတွေက ဆေးရုံကို ပို့ပေးပြီးမှ ဆေးရုံက အကြောင်းကြားလို့ ကျနော်တို့ သိရတာပါ။ ဇွန်လ ၈ ရက်နေ့ညက ဆေးရုံကို ရောက်လာတယ်ပြောတယ်။ ဆရာဝန်လက်ထဲ ရောက်လာပြီဆိုတော့ အသက် အန္တရာယ် မစိုးရိမ်ရပါဘူး။ တာဝန်ကျရဲက သွားစစ်တော့ သူနဲ့အတူ တခြားအဖော် ၂ ယောက် လှေပေါ်ကနေ ပင်လယ်ထဲ ခုန်ချတယ်လို့ ပြောတယ်။ သူဘယ်လှေပေါ်က ခုန်ချသလဲ၊ ဘယ်တုန်းကလဲဆိုတာ အသေးစိတ် မသိရသေးပါဘူး၊ ဒါကြောင့် ဘယ်လိုအရေးယူေ ဆာင်ရွက်နေလဲဆိုတာ ပြောလို့မရသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခုန်ချထွက်ပြေးသွားတဲ့ မြန်မာအလုပ်သမား ၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လက်ရှိချိန်ထိတော့ အဲဒီကမ်းခြေအနီးတ၀ိုက်မှာ ရေနစ်လို့မျောလာသူတွေ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အသက်ဘေးက လွတ်လာတဲ့ မြန်မာအလုပ်သမားရဲ့ ထွက်ဆိုချက်တွေ မှန်ကန်တယ်ဆို့ရင် အလုပ်ရှင်ကို ရှာဖွေအရေးယူရမှာဖြစ်ပြီး မောင်လေးကိုလည်း တရားမ၀င် ၀င်ရောက်မှုနဲ့ နယ်စပ်ပြန်ပို့မယ်လို့ ရဲအရာရှိက ထိုင်းသတင်းကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013