DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် မြိတ်မြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်
DVB
·
June 10, 2014
မုံရွာနှင့် မြိတ်မြို့တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်
Donate to DVB

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့  တနင်္သာရီတိုင်း မြိတ်မြို့တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောစည်းရုံးမှုတွေ  ဒီကနေ့  ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_58305" align="alignright" width="300"]မုံရွာမြို့ လူထုဟောပြောပွဲ မုံရွာမြို့ လူထုဟောပြောပွဲ[/caption]

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးပေါင်းကျင်းပတဲ့  လူထုဟောပြောပွဲကို စစ်ကိုင်းတိုင် မုံရွာမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပြီး လူ ၁ သောင်းလောက် တက်ရောက်ခဲ့တယ်လို့  စစ်ကိုင်းတိုင်း အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

မုံရွာဟောပြောပွဲမှာ  အဖွဲ့ချုပ်ဗဟိုက ဦးထွန်းထွန်းဟိန်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက  ဦးကိုကိုကြီးနဲ့ ခရိုင်အလုပ်အမှုဆောင် ဒေါ်သီတာဝင်းတို့ ဟောပြောခဲ့ကြပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကတော့ ပုဒ်မ ၄၃၆ ဟာ ခြံဝင်းကြီး တံခါးနဲ့တူကြောင်း ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲ ကို  အောက်တောရကျောင်းမှာ ကျင်းပခဲ့ပြီး လူ ၂ ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီဟောပြောပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်၊ အဖွဲ့ချုပ်ဗဟိုက ဦးဌေး၊ ဦးစိန်ညွန့် ဦးထင်လင်းဦးနဲ့ တနင်္သာရီတိုင်း အဖွဲ့ချုပ်လူငယ် တာဝန်ခံ ကိုဥက္ကာမင်းတို့   ပါဝင်ဟောပြောခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာလည်း တနင်္သာရီတိုင်း  ကော့သောင်းမြို့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောဖို့ ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို မေလ ၁၇ ရက်နေ့ကစပြီး  ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ပြီး  ၁၈ ရက်နေ့မှာတော့ မန္တလေးမြို့မှာ ကျင်းပခဲ့ပါ တယ်။ ဒီနောက် တိုင်းနဲ့ပြည်နယ်အသီးသီးတွေကို လိုက်လံဟောပြောနေတာဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013