DVB Logo
Home
Lead Story
တရုတ်ဝန်ကြီးချုပ်သစ် လီချန်း ကျမ်းသစ္စာဆို
DVB
·
March 11, 2023
တရုတ်ဝန်ကြီးချုပ်သစ် လီချန်း ကျမ်းသစ္စာဆို
Donate to DVB

တရုတ်နိုင်ငံမှာ မတ် ၁၁ ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားဥပဒေပြုလွှတ်တော် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်  NPC ရဲ့ ပထမအကြိမ် စုံညီအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် အဖြစ်အသစ် ခန့်အပ်ခံရတဲ့ လီချန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း လူသိရှင်ကြား ကတိပြုခဲ့ပါတယ်။ 

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးမှာ အသစ်တဖန် ရွေးချယ်ခံရတဲ့ သမ္မတ ရှီကျင့်ဖျင်က လီချန်းကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခြင်းကို NPC ကိုယ်စားလှယ် ၃,၀၀၀ နီးပါး မဲပေးခဲ့ကြပါတယ်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်က သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီးနောက်မှာ လီချန်းကို တရားဝင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

ရာထူးခန့်အပ်ကြောင်း ကြေညာပြီးနောက် ဝန်ကြီးချုပ်အသစ် လီချန်းဟာ သမ္မတ ရှီနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး အဲဒီနောက်မှာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

၁၄ ကြိမ်မြောက် NPC ရဲ့ ပထမအကြိမ် အစည်းအဝေးကို မတ်လ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး မတ်လ ၁၃ ရက်မှာ ပြီးဆုံးဖို့ စီစဉ်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013