
နေပြည်တော်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ကျောင်းသား/ကျောင်းသူ ၇ ထောင်ကျော်စာရင်းပေးထားတဲ့အထဲက ၆ ထောင်ကျော်လောက် လာရောက်ဖြေဆိုကြတယ်လို့ စစ်ကောင်စီလက်အောက်ခံ နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နေပြည်တော် ၈ မြို့နယ်အတွင်းမှာ စာစစ်ဌာန စုစုပေါင်း ၃၉ ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့အတွက် ကျောင်းသား/ကျောင်းသူ ၇၁၁၈ ဦး စာရင်းပေးထားဝာာပါ။ အဲ့ဒီထဲက ၆၄၂၃ ဦး ဝင်ရောင်ဖြေဆိုခဲ့ပြီး ၆၉၅ ဦးက ဖြေဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် စုစုပေါင်း ၉၀ ရာခိုင်နှုန်းကျော် လာရောက်ဖြေဆိုတယ်လို့လည်း ဆိုပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၇၉၇၄၂ ဦး ဖြေဆိုဖို့ စာရင်းပေးသွင်းထားတယ်လို့လည်း သိရပါတယ်။