DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပတ်စ်ပို့ရုံးတွင် တန်းစီသူများပြား၊ ပတ်စ်ပို့လုပ်ခ ပြင်ပပေါက်စျေး ၉ သိန်း အထိရှိလာ
DVB
·
March 10, 2023
ရန်ကုန်ပတ်စ်ပို့ရုံးတွင် တန်းစီသူများပြား၊ ပတ်စ်ပို့လုပ်ခ ပြင်ပပေါက်စျေး ၉ သိန်း အထိရှိလာ
1 / 2
Donate to DVB

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ထုတ်ပေးရေးရုံးမှာ အွန်လိုင်းကနေ ရက်ချိန်းရယူပြီး စလစ်နဲ့ ကိုယ်တိုင် ပတ်စ်ပို့စာအုပ် လာရောက်ထုတ်သူတွေ များပြားတာကြောင့် အချိန် တော်တော်ကြာ တန်းစီစောင့်ယူရတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ ပတ်စ်ပို့ ပြုလုပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက အသစ်ပြုပြင်လိုက်လိုက်တဲ့ အွန်လိုင်းကနေ ရက်ချိန်းရယူတဲ့ စနစ်သစ်မှာ လုပ်ဆောင်ရတာ လွယ်ကူ သက်သာသွားတာရှိသလို နည်းပညာ အခက်အခဲကြောင့် ဝဘ်ဆိုက် ဝင်မရတဲ့ အခက်အခဲတွေလည်း ပြည်သူတွေ ကြုံနေရပါတယ်။

ဒါ့အပြင် ပတ်စ်ပို့ရုံးပြင်ပမှာ ပွဲစားနဲ့ ပြုလုပ်သူတွေလည်းရှိပြီး ငွေကျပ် ၉ သိန်းအထိ ပေါက်ဈေးရှိတယ်လို့ ကိုယ်တိုင် ပတ်စ်ပို့ သွားလုပ်သူတွေဆီက သိရပါတယ်။

“ဒီနေ့ လူတော်တော်များတယ်။ ပတ်စ်ပို့ ထုတ်တဲ့သူ ၁၂၀၀ ကျော်လောက် ရှိတယ်။ ပုံမှန် စောစော လိုချင်တယ်ဆို စာအုပ်ထုတ်ချင်ရင် မနက် ၆ နာရီလောက် သွားတန်းစီသင့်တယ်။ ၉ နာရီထိုး ရုံးဖွင့်တယ်။ ပြင်တာဆင်တာနဲ့ ၉ ခွဲလောက် စာအုပ် စထုတ်ပေးတယ်။ ဒီရက်တွေဆို တော်တော်များတယ်။ အွန်လိုင်း ဘွတ်ကင်ယူတဲ့သူနဲ့ အောက်ဆိုဒ် သွင်းတဲ့သူနဲ့ဆို တော်တော် များတယ်။ အပြင်ပွဲစားတွေ ရှိတယ်။ ပွဲစားတွေ ဘယ်နှရက် ဘယ်နှရက် ဝင်ရမယ်။ ၉ သိန်းဆိုပြီး ပွဲစားတွေနဲ့ကျ ညှိယူကြတာပေါ့။ ပွဲစားတွေကျ တန်းစီစရာ မလိုဘူး။ တန်းပြီး ဝင်လို့ရတယ်”လို့  ပတ်စ်ပို့ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝဘ်ဆိုက်မှာတော့ ၂၄ နာရီ အချိန်မရွေး အွန်လိုင်း ရက်ချိန်း ရယူမှု လျှောက်ထားနိုင်ပြီး ရက်ချိန်း တရက်ကို လူဦးရေ ၂၅၀၀ ဝန်းကျင်စာ ထုတ်ပေးကာ ဧပြီလ ၆ ရက်နေ့အထိ ရက်ချိန်းတွေ ထုတ်ပေးတာ တွေ့ရပါတယ်။

“အထဲရောက်ရင် သိပ်လုပ်စရာ မလိုဘူး။ အထဲမှာ ၁၅ မိနစ် မိုင်ကုန်ပဲ။ ၁၄၊ ၁၅ ယောက် တသုတ် ထည့်ပေးတယ်။ ရုံးမဖွင့်မချင်းတော့ တန်းစီရတယ်။ သင်္ဘောသားတွေတော့ တိုးစရာ မလိုဘူး။ စလစ်ပြား ယူပြီး သွားထုတ်ရုံပဲ။ တန်းစီစောင့်တဲ့နေရာမှာ အခက်အခဲကတော့ နေပူတာနဲ့ ရေဆာတာပေါ့”လို့ ပတ်စ်ပို့ ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို စစ်ကောင်စီ System update ပြုလုပ်တာကြောင့် ဇန်နဝါရီ ၂ ရက်နေ့မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ လက်ရှိမှာတော့ ရန်ကုန်မြို့ ပတ်စ်ပို့ရုံး တခုတည်းသာ အွန်လိုင်းစနစ်သစ်နဲ့ ရက်ချိန်းရယူမှု ပြုလုပ်နိုင်ပြီး ကျန်တိုင်းဒေသကြီး၊ မြို့နယ်တွေမှာတော့ ပုံမှန်အတိုင်း လုပ်ဆောင်ရမှာပါ။

မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာတော့ ပတ်စ်ပို့ရုံး ပိတ်ထားတဲ့ကာလအတွင်း တိုကင်နံပါတ် ရထားပြီးသူတွေကို အချိန် ၁၀ လခွာပြီး ရက်ချိန်းပေးထားတာကြောင့် ပတ်စ်ပို့ လုပ်မယ့်သူတွေ နှစ်နဲ့ချီ အချိန်ကြာကြာစောင့်ဆိုင်းရမယ့် အခြေအနေတွေ ကြုံတွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013