DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေး‌ရှောင်စခန်းမှ နေရပ်ပြန်မိသားစုအချို့ နေစရာမရှိ အခက်ကြုံ
DVB
·
March 10, 2023
ပုဏ္ဏားကျွန်း ရေဖြူကန်စစ်ဘေး‌ရှောင်စခန်းမှ နေရပ်ပြန်မိသားစုအချို့ နေစရာမရှိ အခက်ကြုံ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းကနေ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နေရပ်ပြန်သွားကြတဲ့ စစ်ဘေးရှောင် ကျောက်ဆိပ်ရွာသားမိသားစုတွေ နေစရာမရှိဖြစ်နေပြီး အခက်တွေ့နေကြရကြောင်း  ဒေသခံတွေထံက သိရပါတယ်။

“ရွာမှာရှိတဲ့နေအိမ်တွေက လူမနေတာကြာတော့ အကုန်ပြိုပျက်သွားကြပြီ။ သူတို့ပေးတဲ့ငွေနဲ့ အိမ်ဘယ်လိုလုပ်မလဲ။ အိမ်တစ်ဆောင်ပြန်လုပ်ဖို့ အနည်းဆုံး ငွေ ၁၀ သိန်းကျော် လောက်လိုအပ်တယ်။ အခုနေစရာမရှိတော့ အကောင်းကျန်နေတဲ့ နေအိမ်တွေမှာ ခိုကပ်ပြီးနေနေကြရတယ်” လို့ပြောပါတယ်။

မတ်လ ၃ ရက်က ပုဏ္ဏားကျွန်း အခြေစိုက် စစ်ကောင်စီတပ် ၅၅၀ တပ်ရင်းက ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တွေကို  တစ်အိမ်ထောင်လျှင် ငွေကျပ် ၆ သိန်းကျပ်စီပေးကာ  အတင်းအဓမ္မနေရပ်ပြန်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေနေရပ်ပြန်ခဲ့ကြရပေမဲ့ ရွာရှိနေအိမ်အများစုက ပြိုပျက်နေပြီဖြစ်လို့ နေစရာအိမ်မရှိဖြစ်နေကြရသလို တချို့နေအိမ်တွေက လက်နက်ကြီးကျ ပျက်စီးသွားလို့ နေလို့မရတော့ဘဲ အခက်တွေ့နေကြရတာလည်း ဖြစ်ပါတယ်။

နေရပ်ပြန် ဒုက္ခသည်တဦးက “နေစရာကအဓိကပါ။ စားစရာက ဖြစ်သလိုစားလို့ရနိုင်ပါတယ်။ ဆွေမျိုးတွေအိမ်မှာလည်း ဘယ်လောက်ကပ်နေလို့ အဆင်ပြေမလဲ။ တဲဆောက်ပြီး နေကြရသူတွေရှိတယ်”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှာ လူ‌နေအိမ် ၄၀၀ ကျော်ရှိပြီး၊ စစ်ဘေး‌ရှောင် အိမ်ထောင်စု စုစုပေါင်း ၄၇ စုရှိတဲ့အနက်  လက်ရှိနေစရာအိမ်မရှိတဲ့  အိမ်ထောင်စုပေါင်း  ၂၄ စုရှိနေပါတယ်။

ရေဖြူကန်စစ်ဘေးရှောင်စခန်းကိုတော့  မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီကျော်မှာ စစ်ကောင်စီနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ EPC နဲ့  ရဲတပ်ဖွဲ့တွေပူးပေါင်းကာ ဖြိုဖျက်ချခဲ့ပါတယ်။

ဓာတ်ပုံ-ABN (ရွာသားများ ပေးပို့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013