DVB Logo
Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်တွင် မီးလောင်ပြီး လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံး
DVB
·
March 10, 2023
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်တွင် မီးလောင်ပြီး လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံး
1 / 3
Donate to DVB

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ နေပူရွာ ၄၁×၄၂ ကြားနဲ့ ၉၀×၉၁ ကြားက လူနေအိမ်တွေမှာ မတ်လ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ်တွေနဲ့ Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရတယ်လို့ မန္တလေးတိုင်းမီးသတ်ဌာနက ပြောပါတယ်။

မနက် ၂ နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ Level 1 အဆင့်နဲ့ နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရတာ‌ကြောင့် မနက် ၃ နာရီမှာ ငြိမ်းသွားတယ်လို့သိရပြီး မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

“လောလောဆယ်မှာတော့ အိမ်ခြေက ၉ လုံး၊ လူထိခိုက်မှုတော့ မရှိပါဘူး။ ဘယ်က စလောင်တာလဲဆိုတာ ကျနော်တို့ စစ်ဆေးဆဲပါ။ ဆုံးရှုံးမှုတန်ဖိုးလည်း တွက်ချက်နေဆဲပါ” လို့ မန္တလေးတိုင်း မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

မန္တလေးမှာ မတ်လထဲ မီးလောင်ကျွမ်းမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မဟာအောင်မြေ တမြို့နယ်တည်းမှာ မတ်လ ၅ ရက်က ၃၇×၃၈၊ ၈၂×၈၃ ကြားရှိ ရတနာဘုမ္မိအရှေ့ရပ်ကွက် မီးလောင်မှု၊ မတ်လ ၁၀ ရက်မှာ ၄၁×၄၂ ကြား၊ ၉၀×၉၁ ကြားက စိန်ပန်းရပ် နေပူရွာ မီးလောင်မှုနဲ့ မတ်လ ၇ ရက်က အောင်မြေသာစံမြို့နယ်၊ တည်ကုန်းရပ်ကွက် မီးလောင်မှုတို့ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013