DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီဖွဲ့မည်
DVB
·
June 10, 2014
မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီဖွဲ့မည်
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့  မသန်စွမ်းသူ ၁ သန်းကျော်ကို  ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံ မသန်စွမ်း သူများ ကောင်စီ ဖွဲ့စည်းဖို့     ရန်ကုန်မြို့မှာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးနေကြပါတယ်။

ပြည်ထောင်စုအဆင့်  မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းဖို့ ရည်ရွယ်ချက်နဲ့ တနိုင်ငံလုံးက မသန်စွမ်းလူဦးရေ  ၅၀၀ လောက် စုစည်းပြီး တနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံကို ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေတာပါ။

[caption id="attachment_58269" align="alignright" width="300"]ညီလာခံ ကျင်းပစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း) ညီလာခံ ကျင်းပစဉ် (ဓာတ်ပုံ - ထွန်းထွန်းသိန်း)[/caption]

င်္ဒီညီလာခံကို ဇွန်က ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၃ ရက်ကြာကျင်းပ မှာဖြစ်ပြီး ညီလာခံအပြီး မှာ မြန်မာနိုင်ငံ မသန်စွမ်းသူ များကောင်စီကို တရားဝင် ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

ညီလာခံ တက်ရောက်ခဲ့တဲ့ လူမူဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်ကတော့ ဒီညီလာခံကနေ မသန်စွမ်းသူတွေရဲ့ဆန္ဒနဲ့အညီ နိုင်ငံတော်ကိုယ်စားပြုမယ့် အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာမယ်လို့ ပြောပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ ညီလာခံကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း  သ၀ဏ်လွှာပေးပို့ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်ကလည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာကိုတော့ အန်အယ်ယ်ဒီပါတီ ဗဟိုအလုပ်အမှုဆာင် ဒေါက်တာမေ၀င်းမြင့်က ဖတ်ကြားသွားပါတယ်။

မြန်မာနိုင်ငံမျက်မမြင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုမြင့်ကလည်း နိုင်ငံတော်အစိုးရအပါအ၀င် လွှတ်တော်နဲ့ ရင်ပေါင်တန်းပြီး အမျိုးသားရေးအသွင် မသန်စွမ်းအရေးလုပ်ဆောင်ပေးဖို့အတွက် ညီလာခံနောက်ဆုံးနေ့မှာ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကို ဖွဲ့စည်းမယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး  လူဦးရေ  ၁၃ သိန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မသန်စွမ်းမှုဆိုင်ရာ သုသေတန စာတန်းတွေအရ မြန်မာနိုင်ငံမှာ မသန်စွမ်းမှု အများဆုံး က ဥာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုဖြစ်ပြီး အခြားမသန်စွမ်းမူတွေကတော့ ကိုယ်အင်္ဂါမသန်စွမ်းမှု၊ အမြင်အာရုံမသန်စွမ်းမှု၊ အကြားအာရုံ မသန်စွမ်းမှုနဲ့ ကလေးများနဲ့ ပတ်သက်တဲ့ မသန်စွမ်းမှု တွေဖြစ်ကြပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013