DVB Logo
Home
မြန်မာသတင်း
အမေရိကန်အထည်ချုပ် Gap ကုမ္ပဏီက အလုပ်အကိုင်ဖန်တီးပေးမည်
DVB
·
June 9, 2014
အမေရိကန်အထည်ချုပ် Gap ကုမ္ပဏီက အလုပ်အကိုင်ဖန်တီးပေးမည်
Donate to DVB

မြန်မာပြည်ဈေးကွက်ထဲရောက် ပထမဆုံး အမေရိကန် အ၀တ်အထည် ကုမ္ပဏီ Gap အင်ကော်ပိုရေးရှင်း ထုတ်ကုန်တွေကို နောက် ၁ လ ၂ လ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ရောင်းဖို့ အသင့်လိမ့်မယ်လို့ အမေရိကန်သံရုံးက ကြေညာပါတယ်။

timthumb.phpGap ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ တောင်ကိုရီးယားကုမ္ပဏီတခု ပိုင်ဆိုင်တဲ့ စက်ရုံတွေမှာ Old navy နဲ့ Banana Republic အမှတ်တံဆိပ် အတွင်းခံ ကိုယ်ကျပ်အင်္ကျီနဲ့ ဂျက်ကက် အင်္ကျီတွ ထုတ်လုပ်မယ်လို့ စနေနေ့ထုတ် အမေရိကန်သံရုံးကြေညာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုတွေကို အရှိန်ရလာအောင် ကူညီပေးနိုင်ဖို့နဲ့ လုပ်ငန်းအခြေအနေ တိုးတက်တဲ့ စံချိန်ကိုလည်း တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားပြီး ကမ္ဘာတလွှားက အထည်ချုပ်စက်ရုံတွေမှာ ဒေသခံတွေရဲ့ စွမ်းရည်ပမာဏကို ထူထောင်တာ ဖြစ်ပါတယ်လို့ Gap ကုမ္ပဏီ ဒုဥက္ကဋ္ဌ ၀ီလ်မာ ဝေါလေ့စ်က ပြောပါတယ်။

ဒီလို ကမ္ဘာသိ အမေရိကန်ကုမ္ပဏီကြီး ၀င်ရောက်လုပ်ကိုင်လာတာဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအတွက် အလားအလာကောင်းဖြစ်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

“နံပါတ် (၁) အနေနဲ့ ကျနော်တို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာပါမယ်။ ဒီတခါ အလုပ်အကိုင်အခွင့်အလမ်း များလာတာဟာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့အတွက် အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးတွေ၊ ရခိုင်ခွင့်တွေဟာ လက်ရှိဖြစ်နေတာတွေထက် များစွာ အဆင့်မြင့်သွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Gap ကုမ္ပဏီအနေနဲ့ သူ့ရဲ့ သွင်းကုန်ထုတ်ကုန်တွေကို ဖြေရှင်းနိုင်မယ့် ဆိပ်ကမ်းကောင်းတွေ လိုအပ်မယ်လို့ ဦးမြင့်စိုးက ဆက်ပြောပါတယ်။

Gap က ရင်းနှီးမြှုပ်နှံမှု ပမာဏကို မကြေညာပေမယ့် စက်ရုံတရုံမှာ နောက်ထပ် အလုပ်သမား ၇၀၀ လောက် ထပ်ခန့်ထားဖို့ရှိပြီး တနေရာစီမှာ လုပ်သားစုစုပေါင်း ၂ ထောင်လောက် ရှိတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ မြန်မာတိုင်းမ်စ် သတင်းစာက ဆိုပါတယ်။

Gap ကုမ္ပဏီဟာ အမျိုးသမီးလုပ်သားတွေအတွက် ဦးတည်ထားတဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးဖို့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်အေဂျင်စီ၊ CARE နိုင်ငံတကာနဲ့ PACE အစီအစဉ်တို့နဲ့ တွဲဖက်လုပ်ဆောင်နေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

jမန်မာနိုင်ငံမှာ အာရှစီးပွားရေးလုပ်ငန်းတွေက တည်ရှိလာတာ ကာလ ကြာနေပြီ ဖြစ်ပြီး ရာစုနှစ်ဝက်လောက် စစ်အုပ်ချုပ်ရေးကာလအတွင်း စီးပွားရေးပိတ်ဆို့ထားမှုကို ပြန်လည်ဖြေလျော့ပေးလိုက်တဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကမှ မြောက်အမေရိကနဲ့ ဥရောပမှ ကုမ္ပဏီတွေ ပြန်ဝင်လာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ လမ်းပန်း ညံ့ဖျင်းမှုတွေလို အခက်အခဲတွေလည်း အများကြီး ရှိနေတာပါ။ မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သား သိပ်မရှိပေမယ့်လည်း လုပ်အားခ ဈေးချိုပြီး အလုပ်သမားပေါများတာကြောင့် လုပ်ငန်းလာလုပ်ကြမယ့် သူတွေကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013