DVB Logo
Home
မြန်မာသတင်း
အဓမ္မလုပ်အားပေး ရပ်တန့်ရေး အိုင်အယ်လ်အိုညီလာခံတွင် မြန်မာဆွေးနွေး
DVB
·
June 9, 2014
အဓမ္မလုပ်အားပေး ရပ်တန့်ရေး အိုင်အယ်လ်အိုညီလာခံတွင် မြန်မာဆွေးနွေး
Donate to DVB

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရဲ့ ၁၀၃ ကြိမ်မြောက်ညီလာခံမှာ မြန်မာနိုင်ငံက အလုပ်သမား ကိုယ်စားလှယ်တွေက   အဓမ္မလုပ်အားစေခိုင်မှု ရပ်တန့်ရေး တင်ပြဆွေးနွေးခဲ့ပါတယ်။

[caption id="attachment_58249" align="alignright" width="300"]အိုင်အယ်လ်အိုညီလာခံ အိုင်အယ်လ်အိုညီလာခံ[/caption]

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မေ ၂၈ ရက်ကနေ ဇွန်လ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ကမ္ဘာအလုပ်သမားအဖွဲ့ချုပ်ရဲ့ ၁၀၃ ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံက  ကိုယ်စားလှယ်တွေက အဓမ္မလုပ် အားပေးမှု ရပ်တန့်ရေးအတွက် ဆွေးနွေးခဲ့တာပါ။

ညီလာခံတက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူအမ်) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် က  အဓမ္မလုပ်အားပေးနဲ့ပတ်သက်တဲ့ အိုင်အယ်လ်အို ရဲ့ ပြဋ္ဌာန်းချက် ၂၉ ကို ဆွေးနွေးခဲ့တာဖြစ်ပြီး   လုပ်ငန်းခွင်မှာ အတင်းအဓမ္မခိုင်းစေတာတွေကို   ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ဒီညီလာခံအတွင်း ဇွန် ၂ ရက်နေ့က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်  အလုပ်အမှုဆောင်အဖွဲ့  ရွေးချယ်ပွဲမှာတော့ မြန်မာနိုင်ငံက အလုပ်သမားကိုယ်စားလှယ်   ဦးမောင်မောင်ကို အမှုဆောင်အဖြစ်  ရွေးချယ်ခဲ့ပါတယ်။

ဒါဟာ အိုင်အယ်လ်အို သမိုင်းတလျှောက်မှာ မြန်မာနိုင်ငံသားတဦးကို ပထမဆုံး အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးမောင်မောင်ကတော့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှာ ပါဝင်ခြင်းက မြန်မာနိုင်ငံအတွက် အဓိကဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘဲ အဓမ္မလုပ်အားပေး ရပ်တန့်ရေးကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အိုင်အယ်လ်အို အလုပ်အမှုဆောင်အဖွဲ့မှာ အဓိကကိုယ်စားလှယ် ၅၆ ဦး နဲ့ လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးပါဝင်ပြီး ဒီအလုပ်အမှုဆောင်အဖွဲ့ရဲ့  သက်တမ်းကတော့ ၃ နှစ်ဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့ချုပ်ရဲ့ ၁၀၃ ကြိမ်မြောက် ညီလာခံမှာ ကော်မတီလေးခုဖွဲ့ကာ ဆွေးနွေးခြင်းဖြစ်ပြီး အဓမ္မလုပ်အားပေးကိစ္စ၊ စနစ်တကျမရှိတဲ့ အလုပ်သမားများကိစ္စ၊ အလုပ်လက်မဲ့များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တန်းတူညီမျှ ဖြစ်ရေးတွေကို အဓိကထားဆွေးနွေးနေပြီး လာမယ့်ဇွန်လ ၁၂ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ကျမှာဖြစ်ပါတယ်။

အပြည့်အစုံအသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013