DVB Logo
Home
မြန်မာသတင်း
ဆယ်တန်းစာမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် ပျက်ကွက်သူ ၁၈,၀၀၀ ခန့်အထိရှိ
DVB
·
March 9, 2023
ဆယ်တန်းစာမေးပွဲ စတင်ဖြေဆိုသည့်နေ့တွင် ပျက်ကွက်သူ ၁၈,၀၀၀ ခန့်အထိရှိ
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုတဲ့ မတ်လ ၈ ရက် ပထမနေ့မှာ လာရောက်ဖြေဆိုသူ စုစုပေါင်းဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၆,၁၈၅၁ ဦးရှိတယ်ဆိုပေမဲ့ ပျက်ကွက်သူ အရေအတွက်ဟာ ၁၈၀၀၀ လောက်အထိ ရှိတယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုနှစ်မှာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနဲ့ ပြည်တွင်း စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉,၈၄၃ ရှိခဲ့ပေမယ့် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ခရိုင် ၆၈ ခု၊ မြို့နယ် ၃၀၇ မြို့နယ်က စာစစ်ဌာန ၁၂၅၈ ခုမှာ ကျောင်းသားကျောင်းသူ သုံးသိန်းကျော်စာရင်းပေးပြီး ၂၈၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ခရိုင်အရေအတွက် ၁၂၄ ခုအထိ တိုးလာပြီး မြို့နယ်လည်း ၃၀၉ မြို့နယ်အထိ တိုးလာပေမယ့် စာစစ်ဌာန ၈၆၃ ခုမှာတော့ စာဖြေသူအရေအတွက်က ယခင်နှစ်ကထက် ၁ သိန်းလောက်အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။

အခုနှစ်မှာ စာမေးပွဲဖြေဆိုသူ အများဆုံးဒေသဟာ ရန်ကုန်တိုင်းဖြစ်ပြီးတော့ စုစုပေါင်း ၂၃,၀၀၀ လောက် ဖြေဆိုခဲ့ကြပြီး မန္တလေးတိုင်းကတော့ ၂၂,၀၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ ၂၀၂၂ ခုနှစ်က စာစစ်ဌာန ၅၂ ခု ဖွင့်လှစ်ပြီး ဖြေဆိုသူ ၁၇,၀၀၀ လောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စာစစ်ဌာန ၃၉ ခုပဲ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ဟာ ၆၄၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013