DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၆ သန်းခန့် အမေရိကန် ထပ်မံကူညီမည်
DVB
·
March 8, 2023
ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ ၂၆ သန်းခန့် အမေရိကန် ထပ်မံကူညီမည်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂၆ သန်းနီးပါး ထပ်မံပံ့ပိုးကူညီသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က မတ် ၇ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီထောက်ပံ့မှုကိုတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့နိုင်ငံတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကတည်းက စတင်ကာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောဇ့်ဘဇားခရိုင်ထဲကို ရိုဟင်ဂျာဒုက္ခသည် ၇၄၀၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ချိန်ကတည်းက အမေရိကန်နိုင်ငံက ထောက်ပံ့ကူညီမှုဟာ ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံနီးပါးထိ ရှိလာခဲ့ပြီလို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ဒီပဋိပက္ခအကျပ်အတည်းကာလဟာ ၆ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အမေရိကန်က ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။

ရေရှည်မှာ ဒီပြဿနာကို ပြေလည်စေနိုင်မယ့် နည်းလမ်းထွက်ပေါ်လာရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအပါအဝင် ရိုဟင်ဂျာအသိုက်အဝန်း၊ လက်ခံထားတဲ့ အိမ်ရှင်တွေနဲ့ မြန်မာပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက်က ဘာလုခါလီ ဒုက္ခသည်စခန်းမီးလောင်မှုမှာ အိမ်ခြေ ၂၀၀၀ ကျော် မီးထဲပါသွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာ မီးဘေးဒုက္ခသည်တွေအတွက် လတ်တလောမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားခဲ့ကြရတဲ့ ရိုဟင်ဂျာအိမ်ထောင်စုတွေအတွက် အနက်ရှိုင်းဆုံးစာနာမှု စည်းလုံးညီညွတ်မှုတို့ကို ဖော်ပြအပ်ကြောင်း၊ UNHCR၊ နိုင်ငံတကာမိတ်ဖက်တွေ၊ ဒေသခံရိုဟင်ဂျာအဖွဲ့အစည်းတွေနဲ့အတူ ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုများအတွက် အကူအညီများပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မတ် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ခြေ ၇၀၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀၀ ကျော်ရှိပြီး  မီးလောင်တဲ့နေရာက   ဘာလိုခါလီ အမှတ် ၂ စခန်း ၁၁ မှာဖြစ်ပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက နှစ်စဥ်နွေရာသီ ရောက်တိုင်း မကြာခဏ မီးလောင်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013