DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဆေးကုနေရသည့် ဆယ်တန်းကျောင်းသားများအတွက် စာဖြေဌာန ၄ ခုထားရှိ
DVB
·
March 8, 2023
ရန်ကုန်တွင် ဆေးကုနေရသည့် ဆယ်တန်းကျောင်းသားများအတွက် စာဖြေဌာန ၄ ခုထားရှိ
Donate to DVB

ရန်ကုန်မြို့ရှိ ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ‌ကျောင်းသူတွေအနေနဲ့ ဆေးရုံလေးခုမှာ စာမေးပွဲဖြေဆိုခွင့်ရမယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသမှု ခံယူနေရတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ စာမေးပွဲဖြေဆိုရမယ်လို့ ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စာမေးပွဲမတိုင်မီကတည်းက ဆေးရုံတက်နေရတဲ့ ကလေးတွေရှိတယ်။ သူတို့တက်နေတဲ့ ဆေးရုံက ဆေးလူမှုဆက်ဆံရေးဌာနမှာ စာရင်းပေးပြီး ဖြေရမှာ။”

မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးနဲ့ အနီးတဝိုက်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရဲနဲ့ မီးသတ်တွေ လုံခြုံရေးယူထားတယ်လို့ ကျောင်းသားမိဘတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးတွေ စာမေးပွဲဖြေနေတဲ့အချိန် သေနတ်တွေနဲ့ စောင့်နေတာတော့ စိတ်ထဲ မလုံခြုံသလို ခံစားရတယ်။ ကလေးတွေအတွက်လည်း စိုးရိမ်တာတွေရှိတာပေါ့။ လုံခြုံရေးဆိုလည်း စာစစ်ဌာနနဲ့ မလှမ်းကမ်းမှာ စောင့်သင့်တယ်။”

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်ဟောင်း သင်ရိုးဟောင်းရဲ့ နောက်ဆုံးစာမေးပွဲဖြစ်ကာ ကျရှုံးထားသူတွေနဲ့ မဖြေဆိုရသူတွေလည်း ပြန်လည်ဖြေဆိုနိုင်မှာဖြစ်ပြီး ဒီနှစ်ဖြေဆိုသူ ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ စာဖြေဌာန ၁၀၅ ခုမှာ ကျောင်းသား ၂၂,၂၉၂ ဦးနဲ့ ကျောင်းသူ ၁၅,၂၆၈ ဦး၊ စုစုပေါင်း ၃၇,၅၆၀ ဦး ဖြေဆိုခဲ့ပြီး တနိုင်လုံးအတိုင်းအတာအနေနဲ့ ၃၁၂,၂၉၉ ဦး ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013