Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်များ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေ
DVB
·
March 7, 2023
Ka Yin Ni war victims 1
Ka Yin Ni war victims 2
Ka Yin Ni war victims 3

ရှမ်း-ကယားနယ်စပ်က ကရင်နီစစ်ဘေးရှောင်တိုင်းရင်းသားတွေဟာ  တိုက်ပွဲတွေလွတ် ဘေးကင်းရာနေရာကို ထွက်ပြေးနေရတဲ့အပြင် နွေရာသီသောက်သုံးရေရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေသောက်မိပြီး  ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် အရေပြား ယားယံတဲ့ရောဂါနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

ဖယ်ခုံမြို့နယ် နောက်ခြမ်း စစ်ရှောင်ကူညီသူတဦးက “တချို့က ရေမလောက်၊ ရေမသန့်တော့ ကလေးတွေ ဝမ်းရောဂါဖြစ်တယ်။ ကလေးတွေအများကြီးဖြစ်ကြတယ်။  ယားယံမှုတွေ တအားဖြစ်တယ်။ ဆေးရုံတွေ ဆေးပေးခန်းတွေ မလောက်ဘူးပေါ့နော်။ အစထိပ်ဆုံးက အာဟာရတွေ မပြည့်ဝတော့ ခဏခဏဖျားတာပေါ့။ ကိုယ်ခံအားမရှိဘူးပေါ့။ ကိုယ်ခံအား မရှိတော့ ရေပါထပ်ရှားတော့ ရေကမသန့်၊ ရေမသန့်တော့ ဝမ်းရောဂါဖြစ်၊ အဲလို တပူပေါ် နှစ်ပူဆင့်ပေါ့”လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ဒေသက တောတောင်ထဲ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေလည်း ရာသီဥတုဒဏ်အလူးအလဲခံနေရပြီး နှာစေး ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ အကုန်လုံး ဖြစ်ပွားနေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့်  လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရပြီး ဆန်ဈေးတွေအပါအဝင် စားသောက်ကုန်တွေ ရှားပါးပြတ်လပ် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားလို့ ဒေသခံ ၅,၀၀၀ ဝန်းကျင်ဟာလည်း  အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024