DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူ ယခင်နှစ်ထက်နည်းပါး
DVB
·
March 7, 2023
တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူ ယခင်နှစ်ထက်နည်းပါး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နဲ့ ဘုတ်ပြင်းခရိုင်က မြို့နယ် ၁၀ ခုမှာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့စာရင်းပေးထားသူ ၄,၂၇၈ ဦးရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုမှာ စာစစ်ဌာန ၁၉ ခု ဖွင့်လှစ်ပြီး စာမေးပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနင်္သာရီတိုင်းက စာစစ်ဌာန ၂၈ ခုမှာ ဖြေဆိုခွင့်စာရင်းရှိသူ ၄,၇၆၄ ဦး ရှိခဲ့တာကြောင့် အခုနှစ် စာမေးပွဲဖြေဆိုမယ့်သူနဲ့ စာစစ်ဌာန အရေအတွက်ဟာ အရင်နှစ်ကထက် လျော့နည်းနေပါတယ်။

စစ်အာဏာမသိမ်းမီ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တနင်္သာရီတိုင်းက ကျောင်းသား ၂၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ၆,၇၀၀ ကျော် အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၂၈ ဒသမ ၅၇ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန မှတ်တမ်းအရ သိရပါတယ်။

ရေဖြူမြို့နယ်မှ CDM ဆရာမတဦးက “စာစစ်ဌာနက နယ်ဘက်က စာစစ်ဌာနတွေ လုံခြုံရေးအရ  မဖွင့်နိုင်ဘူး။ အာဏာမသိမ်းခင်ကဆို ရေဖြူမြို့နယ်မှာတောင် ၆ ခု၊ ၇ ခုလောက်ဖွင့်တာ၊ ကျောင်းသားလည်းများတယ်။ အခုအခြေအနေအရ ရေဖြူမှာ ရေဖြူ၊ ကလိန်အောင်၊ ကံပေါက် ၃ ခုပဲ ဖွင့်နိုင်တယ်။ စာစစ်ဌာနတခုဖွင့်ဖို့က လုံခြုံရေးရော ရပ်မိရပ်ဖအင်အားပါ လိုတော့ စာစစ်ဌာနတွေ တနှစ်ထက်တနှစ် လျော့လာနေတယ်” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတဲ့ရက်တွေမှာ ထားဝယ်ခရိုင်အတွင်းက တိုင်းပညာရေးမှူးရုံးနဲ့ စာစစ်ဌာန ၃ ခုမှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အခု ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှာ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲဟာ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်ကျင်းပတဲ့ စာမေးပွဲဖြစ်ပြီး ဆယ်တန်းစနစ်ဟောင်းရဲ့ နောက်ဆုံးအကြိမ်စာမေးပွဲ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ NUG အစိုးရကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ တရားမဝင်အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013