DVB Logo
Home
မြန်မာသတင်း
သီလ၀ါဇုန် ဒေသခံများဖယ်ရှားရေး မြန်မာအစိုးရဘက်က တာဝန်ယူခဲ့ဟု ဂျိုက်ကာပြော
DVB
·
June 9, 2014
သီလ၀ါဇုန် ဒေသခံများဖယ်ရှားရေး မြန်မာအစိုးရဘက်က တာဝန်ယူခဲ့ဟု ဂျိုက်ကာပြော
Donate to DVB

သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ဒေသခံတွေကို ဖယ်ရှားရေးအတွက် မြန်မာနိုင်ငံ အစိုးရဘက်က တာဝန်ယူထားတယ်လို့ ဂျိုက်ကာတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

[caption id="attachment_58221" align="alignright" width="300"]ဂျိုက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဂျိုက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်[/caption]

ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ သီလ၀ါဒေသခံတွေရဲ့ ကန့်ကွက်လွှာကို ဂျပန်အစိုးရအဖွဲ့အစည်းဖြစ်တဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှု အေဂျင်စီ(ဂျိုက်ကာ)က ဇွန် ၂ ရက်နေ့ လက်ခံ ရယူခဲ့ပြီး ၅ ရက်အတွင်း အကြောင်းပြန်ခဲ့တာပါ။

ရုံးချုပ်ဖြစ်တဲ့ တိုကျိုဂျိုက်ကာရုံးမှာ စီမံကိန်းဒါရိုက်တာတဦးဖြစ်တဲ့ ရာစုအီတခဟီရိုအပါအ၀င် စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက ဇွန် ၅ ရက်နေ့က လက်ခံ တွေ့ဆုံခဲ့ပြီး အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာမှာ ဒေသခံတွေကို ဖယ်ရှားရေးအတွက် မြန်မာနိုင်ငံဘက်က တာဝန်ယူထားတယ်လို့ ဂျိုက်ကာဘက်က တာဝန်ရှိသူတွေက ဂျပန်နို်င်ငံကို ရောက်ရှိနေတဲ့ သီလ၀ါဒေသ ဖွံ့ဖြိုးရေးကော်မတီဝင် ဦးမြလှိုင်၊ ဒေါ်စံရှားတင်နဲ့ ဦးခိုင်ဝင်းတို့ကို ဂျပန်နိုင်ငံက မပြန်ခင် ခေါ်ယူတွေ့ဆုံပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တိုင်ကြားသူဒေသခံတွေ အစစ်အမှန် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုတွေ ၁ လအတွင်း စတင် ဆောင်ရွတ်တော့မှာ ဖြစ်ပြီး ထိုမှတဆင့် စီမံကိန်းဒေသမှာ ဂျိုက်ကာက ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အခုလို တိုင်ကြားမှုကို လက်ခံပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ရင် ဂျိုက်ကာရဲ့ ၂၀၀၈ ခု ပုံစံအသစ် ဖွဲ့စည်းပြီးနောက်ပိုင်းမှာ  ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဂျိုက်ကာရဲ့ စံချိန်စံညွှန်းတွေနဲ့ ညီ၊ မညီ စုံစမ်းစစ်ဆေးမှုက ဂျိုက်ကာရဲ့သမိုင်းမှာ ပထမဦးဆုံးလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ မစ်ဆူဘီရှီ၊ မာရူဘီနိနဲ့ ဆူမီတိုမို ကော်ပိုရေးရှင်း ၃ ခုက သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး အတွက် ယာယီပူးပေါင်း ဖွဲ့စည်းထားပြီး မစ်ဆူဘီရှီက တာဝန်ရှိသူတွေကလည်း ဂျပန်ရောက် သီလ၀ါဒေသခံတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

သီလ၀ါဒေသခံတွေ စီမံကိန်းအကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုတွေ အားနည်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအရ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့သလို ဂျိုက်ကာရဲ့ စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်စေဖို့ ဖြစ်ကြောင်း၊ စီမံကိန်းကို ရပ်တန့်စေလိုတဲ့ စိတ်စေတနာ မရှိကြောင်း မစ်ဆူဘီရှီ အရာရှိတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံက ၀ါရင့်သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ဦးရွှေဘ (ခ) တနဘဲစံကတော့ ဂျပန်ပြည်သူတွေရဲ့ အခွန်တွေနဲ့ ပြုလုပ်တဲ့ စီမံကိန်းဖြစ်လို့ မိမိအနေနဲ့ အခုလို ပျက်ကွက်မှုတွေကို စိတ်မကောင်း ဖြစ်မိကြောင်း၊ ဂျပန်ပြည်သူတယောက်အနေနဲ့ သီလ၀ါဒေသခံတွေကို တောင်းပန် ပြောကြားခဲ့ပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဧရိယာဟက်တာ ၂၄၀၀ ခန့် လျာထားတာလည်း ဖြစ်ပါတယ်။

ဂျိုက်ကာအနေနဲ့ ၁၀ ရာခိုင်နှုန်း ယန်း သန်းပေါင်း ၅၀၀ (မြန်မာကျပ်ငွေ ၅ ဘီလီယံ) ရင်နှီးမြှုပ်နှံဖို့ သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013