
အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသကို ကျောခိုင်းနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟဂ်ဆက်က မေ ၃၀ ရက် စင်ကာပူမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲ လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ ပယ်ချလိုက်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမိရဲ့ မှတ်ချက်တွေအပေါ် ပြန်လည်တုံ့ပြန်ရာမှာတော့ ပိဟဂ်ဆက်က ဒေသတွင်း စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေကြား အပြန်အလှန် ကတိပြုထားသလို ဒီအတွက်လည်း အာရှကို အမြန်ဆုံးလာရောက်ပြီးတော့ အတူတကွ တိတ်တဆိတ် အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်နဲ့ ဘယ်လိုသဘောတူညီချက်မျိုးမဆို ကောင်းမွန်တဲ့ သဘောတူညီချက်တခု ဖြစ်လာ လိမ့်မယ်လို့ ဟက်ဂ်ဆက်သ်က ပြောဆိုခဲ့ပြီး လိုအပ်လာရင်လည်း စစ်ပွဲ ပြန်စဖို့ အမေရိကန်မှာ စွမ်းဆောင်ရည် အပြည့်ရှိနေပြီး လက်နက်ခဲယမ်း လက်ကျန်သိုလှောင်မှုကလည်း အလွန်ကောင်းမွန် တဲ့ အနေအထားမှာ ရှိတယ်လို့ အလေးပေးပြောခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အမေရိကန်ရဲ့ လက်နက်သိုလှောင်မှုတွေ လျော့နည်းလာ နေချိန်မှာ ထိုင်ဝမ်ကို ဒေါ်လာဘီလီယံချီတန်တဲ့ လက်နက်ရောင်းမဲ့အစီအစဉ် ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုကိုလည်း ပိဟဂ်ဆက်က ပယ်ချခဲ့ပြီး သူတို့ လက်နက်သိုလှောင်မှုအပေါ် စိတ်ချတယ်လို့ ဆိုပါတယ်။
တရုတ်က သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ဟာ ဒေါ်လာ ၁၄ ဘီလီယံအထိ တန်ကြေး ရှိနိုင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့တဲ့ အမေရိကန်ရဲ့ လက်နက်ရောင်းချမှု အတည်ပြု ချက်ကို စောင့်ဆိုင်းနေပါတယ်။
သမ္မတ ထရမ့်ပ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီးနောက်ပိုင်း ဒီလက်နက်ရောင်းချမှုကို အတည်ပြုဖို့ မပြတ်သားသေးလို့ ထိုင်ဝမ်ဘက်က မရေမရာဖြစ်နေပေမဲ့ ပိဟဂ်ဆက်ကတော့ ဝါရှင်တန်ရဲ့ရပ်တည်ချက် မပြောင်းလဲဘဲ ရှေ့ဆက်မဲ့ ဆုံးဖြတ်ချက်တွေက သမ္မတနဲ့ ၂ နိုင်ငံ ဆက်ဆံရေးအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောပါတယ်။
Source: Reuters










