DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများဆက်ဆံရေး ချောမွေ့လျက်ရှိဟု ဦးဥာဏ်ဝင်း ပြော
DVB
·
June 8, 2014
အန်အယ်လ်ဒီနှင့် တိုင်းရင်းသားများဆက်ဆံရေး ချောမွေ့လျက်ရှိဟု ဦးဥာဏ်ဝင်း ပြော
1 / 2
Donate to DVB

အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေ ဆက်ဆံရေးဟာ ချောမွေ့နေပါတယ်လို့ ဗဟို အလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ဇွန်လ ၈ ရက်နေ့ နေ့လယ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

NLD CC Meeting PressRelease08062014ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှာ NLD ရပ်ကျေး ဒုဥက္ကဋ္ဌ တယောက် အသတ်ခံခဲ့ရသလို မကြာခင်သေးခင်ကလည်း ရှမ်းပြည်နယ်မှာပဲ ပါတီဝင်တွေ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ပြီးတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ်ကို လာမယ်ဆိုရင် ဆန္ဒပြမယ်လို့လည်း သတင်းတွေ ပေါ်ထွက်နေတဲ့အပေါ် ဒီဗွီဘီရဲ့ မေးမြန်းတာကို ဦးဥာဏ်ဝင်းက အခုလို ဖြေကြားပါတယ်။
“ကျနော်တို့ကတော့ ငြိမ်းချမ်းတဲ့ နည်းနဲ့ လုပ်မှာပဲ။ ငြိမ်းချမ်းတဲ့နည်းနဲ့ ယှဉ်ပြိုင်မယ်။ ယှဉ်ပြိုင်ခြင်းက အန်အယ်လ်ဒီရဲ့ အဓိက တာဝန်ပဲ။ တိုင်းရင်းသားတွေ အားလုံးနဲ့လည်း ယှဉ်ပြိုင်မယ်၊ တခြားပါတီတွေနဲ့ ယှဉ်ပြိုင်မယ်။ ဆက်ဆံရေးအနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံမို့လို့ တိုင်းရင်းသားက မရှိမဖြစ်ပါ။ ဆက်ဆံရေး မလုပ်လို့ မဖြစ်ပါဘူး။ အားလုံးနဲ့ ဆက်ဆံရေးကလည်း ဒီရက်ပိုင်းမှာ အဖွဲ့ချုပ် ဥက္ကဋ္ဌက ကေအန်ယူ ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့သေးတာပဲ။ နောက် ဆက်ဆံရေးက အခုအထိလည်း ချောမွေ့နေတယ်လို့ ပြောချင်တယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးညီပုကလည်း လက်ရှိ ရခိုင်ပြည်နယ်မှာ တွေ့ကြုံရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ရခိုင်မှာကတော့ ဒေါ်စုလာမယ့်နဲ့ ပတ်သက်လို့ တချို့ စာကပ်တာတို့ ဘာတို့ကတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် သိပ်ပြီးတော့ အင်အားနဲ့ ဘာနဲ့ လုပ်မယ်ဆိုတာမျိုးတော့ မကြားရပါဘူး။ သူတို့ အချင်းချင်းတောင်မှ ဒေါ်စု ခရီးစဉ်နဲ့ ပတ်သက်လို့ လုပ်မယ်၊ မလုပ်ဘူးဆိုတာ မျိုးတွေပေါ့။ လုပ်မယ့်သူရှိတယ်၊ မလုပ်မယ့်သူရှိတယ်။ ကန့်ကွက်မယ့်သူရှိတယ်၊ မကန့်ကွက်မယ့်သူ ရှိတယ်။ အဲဒီလိုတွေ ရှိနေပါတယ်။ လုပ်ရကိုင်ရတာနဲ့ ပတ်သက်လို့ကတော့ အခုအချိန်အထိတော့ ပြဿ နာ ကြီးကြီးကျယ်ကျယ် အောက်ခြေမှာ လုပ်နေရတဲ့ ကျနော်တို့ အချင်းချင်းတော့ မရှိပါဘူး ခင်ဗျ။”

အန်အယ်လ်ဒီမှာ ဆက်ဆံရေး ကော်မတီ နှစ်ခုရှိပြီး တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကော်မတီမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ တာဝန်ယူထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013