DVB Logo
Home
မြန်မာသတင်း
ACID Local PDFအဖွဲ့က အဆင့်မြင့် လက်လုပ်သေနတ်တမျိုးထုတ်လုပ်
DVB
·
March 6, 2023
ACID Local PDFအဖွဲ့က အဆင့်မြင့် လက်လုပ်သေနတ်တမျိုးထုတ်လုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အခြေပြု ACID Local PDFအဖွဲ့က ကျပ် ၆ သိန်းတန် အဆင့်မြင့်လက်လုပ်သေနတ်တမျိုးကို အောင်မြင်စွာ ထီထွင်ထုတ်လုပ်နိုင်ပြီလို့ အဲဒီအဖွဲ့က မတ် ၅ ရက်မှာ ကြေညာလိုက်ပါတယ်။

အဲဒီသေနတ်မှာ ၇ ဒသမ ၆၂ ကျည်အမျိုးအစားကို ကျည်ကတ်တပ် အသုံးပြုနိုင်မှာဖြစ်ပြီး တချက်ပစ် တခါမောင်းတင်နိုင်တဲ့အပြင် အကွာအဝေးအားဖြင့် မီတာ ၃၀၀ နဲ့ ထိရောက်မှု မီတာ ၁၅၀နဲ့ ၂၀၀ အထိ ရှိတယ်လို့ ACID Local PDFရဲ့ ခေါင်းဆောင် ဗိုလ်ဟယ်ရီက  ပြောပါတယ်။

“သာမာန်လက်လုပ်တွေလို တချက်ပစ် တထောင့်ထည့် တခါမောင်းတင်တာမျိုးမဟုတ်ဘဲ တချက်တင် တချက်ပစ် စနိုက်ပါပုံစံ ထုတ်လုပ်ထားပါတယ်။ အခုလို ထုတ်လုပ်နိုင်ဖို့ အချိန် ၃ လလောက် စမ်းသပ်ခဲ့ရတာ။ တနိုင်ငံလုံးက ဒေသကာကွယ်ရေး တပ်တွေကိုလည်း နည်းပညာဖြန့်ဝေဖို့ အသင့်ရှိတယ်” 

ACID Local အဖွဲ့ဟာ ဒေသခံကာကွယ်ရေးတပ်တခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဆီက ထောက်ပံ့မှု တစုံတရာ မရဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013